၂၀၂၃ ဒီဇင်ဘာ ၅
မြန်မာ အမျိုးကောင်းသားတို့၏တာဝန်ဖြစ်သည့် အမိနိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အချုပ်အခြာအာ ဏာတည်တံ့ ခိုင်မြဲရေးဆောင်ရွက်ရင်း တိုင်းပြည်အတွက် အသက်ပေးလှူခဲ့သည့် ခေတ်အဆက်ဆက်မှ သူရဲကောင်းစစ်သည်များအား အောက်မေ့ဖွယ် ဂါရဝပြု ဆုတောင်းပွဲနှင့် အလေးပြုခြင်း အခမ်းအနားကို ဒီဇင်ဘာ ၃ ရက်က ကျင်းပခဲ့သည်။
ဒသမအကြိမ်မြောက်အဖြစ် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ် သူရဲကောင်း ဗိမာန်၌ ကျင်းပခဲ့ခြင်းဖြစ် ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးနှင့် တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း ဗဟိုအမှု ဆောင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်း(အငြိမ်းစား)နှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီ များမှ ပါတီခေါင်းဆောင်များ၊ ရောင်နီဦးနှင့် မိတ်ဆွေများ ပရဟိတအသင်း၊ ရွှေပြည်တော်သို့ ဆုံမှတ်ပရဟိတ အသင်းနှင့် တပ်မတော်အား ချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြ သည်။
ဦးစွာ အောက်မေ့ဖွယ် ဂါရဝပြုဆုတောင်းပွဲနှင့် အလေးပြုခြင်း အခမ်းအနားကို တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီး နိုင်ငံတော်သီချင်း သီဆိုခြင်း၊ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ခေတ်အဆက်ဆက်က တိုင်းပြည်အတွက် အသက်ပေးလှူသွားကြသည့် သူရဲကောင်းစစ်သည်များအား အလေးပြုခြင်း၊ သစ္စာအဓိဋ္ဌာန် လေးချက်ရွတ်ဆိုခြင်းတို့ကို ဆောင်ရွက်ခဲ့ သည်။
ထို့နောက် သူရဲကောင်းစစ်သည်များအား ရည်စူး၍ ဝမ်းနည်းခြင်းအထိမ်းအမှတ် နှစ်မိနစ် ငြိမ်သက်ခြင်း၊ သူရဲကောင်း စစ်သည်များ မြင့်မြတ်သော ကောင်းမွန်ရာ ဘုံဘဝရောက်ရှိစေရန် မိုးပျံပူဖောင်းများ လွှတ်တင်ခြင်း၊ ထာဝရငြိမ်းချမ်းရေးရရှိစေရန် ရည်မှန်း၍ အထိမ်းအမှတ် ချိုးဖြူငှက်များ လွှတ်ခြင်းတို့ကို ဆောင်ရွက်ကြကာ တက်ရောက်လာကြသူများက အသက်ပေး လှူခဲ့သည့် စစ်သည်များအတွက် လွမ်းသူ့ ပန်းခြင်းများဖြင့် ဂါရဝပြု ခြင်းကို ဆောင် ရွက်ခဲ့ကြသည်။
ထို့ပြင် နေပြည်တော် ပုဗ္ဗသီရိ မြို့နယ်၊ အေးမြင့်သာယာအုပ်စု၊ ပေါက်တော ကျေးရွာ၊ သဒ္ဓါရုံကျောင်း တိုက်၌လည်း သူရဲကောင်းစစ်သည်များအားရည်စူး၍ သံဃာတော်များအား အရုဏ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများလှူဒါန်းပြီး ရေစက်သွန်းချအမျှ ပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။