Breaking

ချစ်လှစွာသော ဇာတ်လမ်းတွဲမှာ ဆရာဝန်ဇာတ်ရုပ်ကို သေချာလေ့လာပြီးမှ သရုပ်ဆောင်ခဲ့တယ်ဆိုတဲ့ ထပ်ဆင့်အကယ်ဒမီ မို့မို့မြင့်အောင်

၂၀၂၄ ၊ ဇန်နဝါရီ ၁၆
    ပရိသတ်အားပေးမှု များစွာရရှိခဲ့သည့် ချစ်လှစွာသော ဇာတ်လမ်းတွဲတွင် ထပ်ဆင့်အကယ်ဒမီ မို့မို့မြင့်အောင်အနေဖြင့် ဆရာဝန်ဇာတ်ရုပ်ကို သေချာလေ့လာပြီးမှ သရုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ သည်။
    မို့မို့မြင့်အောင်က "စီးရီးတွေလာပြောထားတာတော့ ရှိတာပေါ့နော်။ ဒါပေမဲ့ တစ်ရှိုက်ထိုးလေးပဲ ဖြစ်ဖြစ်၊ တစ်ဆင်းထိုးလေးပဲဖြစ်ဖြစ် တကယ်လုပ်ပြသွားတယ် ဟေ့ဆိုတဲ့ ဇာတ်မျိုးလေးတွေကိုပဲ ရွေးပါတယ်။ အမှန်တော့ ပရိသတ်ကြီးကို လျှော့တွက်လို့ မရဘူး။ ပရိသတ်ကြီးက အရမ်းကြည့်တတ်တယ်။ ကျေးဇူးပဲဆိုတာကလေ ပေါက်သွားတယ်။ အမှန်က ဇာတ်ဝင်ခန်းအရ ပန်းရောင်ချယ်က စကားလာပြောတယ်။ သမီးနဲ့ အပြိုင်မင်းသမီးဆိုတော့လည်း အမေရဲ့ မိခင်တစ်ယောက်ရဲ့ မေတ္တာစိတ်နဲ့တော့ တစ်ဖက်ကို မနာလိုဖြစ်တဲ့စိတ်နဲ့ ချေချလိုက်တာပေါ့နော်။ အဲဒီသဘောနဲ့ပဲသရုပ် ဆောင်လိုက်တာ ပရိသတ်က ချေလိုက်တဲ့ အရာလေးကို ကြည့်တတ်တယ်။ ဒါက ပရိသတ်ကြီးရဲ့ အားပေးမှုတစ်ခုပေါ့နော်၊ ကျေးဇူးလည်း တကယ်တင်ပါတယ်။ ရှာဖွေတတ်တာကိုပဲ အင်မတန် ချီးကျူးပါတယ်ရှင့်။ အဓိကတော့ ဇာတ်ကိုပဲ ရူးသွပ်တာပါ။ အမေဖြစ်ရင် ပြီးရောဆိုပြီးတော့ သိပ်မရိုက်ချင်ဘူး။ ကိုယ့်အရွယ်ကတော့ အမေအရွယ်ပေါ့။ တစ်ခါတလေကြရင် အဘွားအရွယ်တောင် ရိုက်နေရပြီ။ ဇာတ်ကိုပဲ အဓိကပေါ့။ ဥပမာနော် ချစ်လှစွာသောအရာမှာလည်း ဇာတ်ကားအရ ပေါက်တယ်။ ကိုယ့်ရဲ့ သရုပ်ဆောင်အမူအရာကို အကောင်းဆုံးဆောင်ရွက်မယ်။ ပရိသတ်ဆီကို အဆုံးအထိ သရုပ်ဆောင်ပြီး ပို့ချင်တယ်။ သို့သော်လည်းပဲ အဝတ်အစားတွေလည်း ဝတ်ပြသွားချင်တယ်။ ပရိသတ်ကို ပြတဲ့နေရာမှာ ဒီအဝတ်အစားဒီလောက်နဲ့ဆိုတာမျိုး မဖြစ်ချင်ဘူး။ အဝတ်အစားတွေ ဝတ်ပြချင်တယ်။ တကယ်တမ်းက အပြင်မှာက ပေါ့ပေါ့ပါးပါးဝတ်တဲ့ ကျော့ကျော့ရှင်းရှင်းနဲ့ဝတ်တဲ့ဆရာဝန်မကြီးတွေလည်း ရှိပါတယ်။ ခေတ်မီတဲ့ အဝတ်အစားတွေဝတ်တဲ့ ဆရာဝန်မကြီးတွေလည်း ရှိပါတယ်။ သမားတော်ကြီးတွေကို လိုက်လေ့လာပြီးတော့မှ ချစ်လှစွာသောကားကို သရုပ်ဆောင်တာပါ။ ပြီးပြီးရောဆိုပြီးတော့လည်း သရုပ်မဆောင်ချင်ဘူး။ ပြီးတော့ ဒီအခန်းက ဒီလိုလုပ်မယ်ဆိုပြီး ဖန်တီးယူတာမရှိဘူး။ ကာရိုက်တာကိုပဲ အဓိကထားပြီး မွေးထုတ်ပြီးတော့ ပြန်လုပ်တာပါပဲ။ ဒါပေမဲ့ ပရိသတ်ကြီးက ရွေးချယ်လိုက်တဲ့ ကဏ္ဍလေးတစ်ခုပါပဲ။ အခုနောက်ပိုင်း နိုင်ငံခြား ကားတွေလည်း ကြည့်တယ်။ နောက်ကလေးတွေ အခုအသစ်လေးတွေရဲ့ကားကို ကြည့် တယ်။ သူတို့ရဲ့ အားနည်းချက် အားသာချက တွေကို ကြည့်တယ်။ နောက်ပိုင်းသူတို့နဲ့ ဆုံတဲ့အခါ သားဘာအားနည်းချက်ရှိတယ်၊ သမီးဘာအားနည်းချက်က ဘယ်လိုရှိတယ် ဆိုပြီးတော့ ပြောပြီး ကောင်းတာလေးတွေကိုလည်း လိုက်ယူရတယ်။ ဒါမှ ခေတ်နဲ့ညီမှာလေ တချို့ဆိုရင် သရုပ်ဆောင်ပါသည်ဆိုတဲ့ အိုက်တင်နဲ့ လုပ်နေကြတယ်။ အဲဒါမျိုးကို မကြိုက်ဘူး။ ဒါသည် ဘဘဦးသုခ သင်ပေးခဲ့တာ။ လူလိုပဲစကားပြော၊ လူလိုပဲအိုက်တင် လုပ်ဆိုပြီးသင်ပေးတယ်။ အိုက်တင်မှာ ငါ Vedio အိုက်တင်တွေများ လုပ်မိနေသလား။ အဲဒီလိုပဲ Vedio ဆိုတာ သက်သက်ရှိတယ်လေ။ မေးလေးငေါ့ပြီး မဲ့ကာရွဲ့ ကာနဲ့လေ။ Flow တွေ၊ Tone တွေကအစ လွဲမှားနေတာ တွေရှိတယ်။ အမြဲတမ်းလည်း ကလေးတွေရဲ့ ကားတွေကြည့်ဖြစ်တယ်။ လက်လွတ်မခံဘူး။ အဲဒီလိုလည်း လေ့လာနေမှ မဟုတ်ရင် ရပ်တန့်နေမှာ ပေါ့နော်။ အဲဒီလို ရပ်တန့်မနေအောင် ကိုယ်ကပြေးနေရတာပေါ့။ ငါခေါက် ရိုးကျိုးနေသလား၊ ငါဘာမှားနေသလဲဆိုတာ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ဝေဖန်သုံးသပ်တယ်။ အမြဲတမ်း ကလေးတွေ ကားတွေ ကြည့်တယ်။ လက်လွတ်မခံဘူး။ အဲဒီလို လေ့လာနေ့မှလေ။ ဒီလိုမဟုတ်ရင် ရပ်တန့်နေမှာပေါ့။ မရပ်တန့်အောင် ကြိုးစားနေပါတယ်"ဟု ပြောကြားခဲ့သည်။
    လက်ရှိတွင် ထပ်ဆင့်အကယ်ဒမီ မို့မို့မြင့်အောင်အနေဖြင့် သရုပ်ဆောင် မင်းတော်ဝင်နှင့်အတူ "အတ္တရောင်ထူးချွန်ဆု"ဇာတ်လမ်းတွဲ ရိုက်ကူးနေကြောင်း သိရသည်။

Total Views ~ 159

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43961

© 2022 - 2025 News. All Rights Reserved.