Breaking

ချောက်မြို့နယ်နှင့် ကားလမ်းဘေးဝဲယာများတစ်လျှောက် သစ်ပင်သစ်တောများ စိုက်ပျိုးနိုင်ရေးနိုင်ငံတော်မှ အထူးအစီအစဉ်တစ်ရပ်အဖြစ် ဆောင်ရွက်မည်

ရန်ကုန်၊ မေ ၂၈
    မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်နှင့် ကားလမ်းဘေးဝဲယာများ တစ်လျှောက် သစ်ပင်သစ်တောများ စိုက်ပျိုးနိုင်ရေး နိုင်ငံတော်မှလည်း အထူးအစီအစဉ် တစ်ရပ်အဖြစ် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
    ပြီးခဲ့သည့် မေ ၂၅ရက်က မကွေးတိုင်းဒေသကြီး ချောက်မြို့ရှိ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများအား ချောက်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အစည်း အဝေးခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများ နှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေး နွေးစဉ် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။
    အလားတူ ဒေသခံများအနေဖြင့် မိမိတို့၏ အိမ်ခြံဝင်းအတွင်းနှင့် ပတ်ဝန်းကျင် များတွင်လည်း သစ်ပင်များစိုက်ပျိုးရန် လိုအပ်ပြီး  ဧရာဝတီမြစ်ရေတင် စီမံကိန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်၍ ရေလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ထည့်သွင်း ပြောကြားခဲ့ည်။
    ထို့အပြင် ပြည်ထောင်စုဝန်ကြီးများကလည်း နိုင်ငံတစ်ဝန်း သစ်ပင်သစ်တောများစိုက်ပျိုးရန် လျာထားလျက်ရှိမှုနှင့် ကျေးရွာတစ်ရွာလျှင် သစ်တောစိုက်ခင်း အနည်းဆုံး နှစ်ဧက စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှု၊ အပူပိုင်းဇုန်ဒေသများတွင် သစ်ပင်စိုက်ပျိုးရာ၌ဒေသနှင့် ကိုက်ညီသည့် သစ်ပင်မျိုးများကို စိုက်ပျိုးရန်နှင့်ပျိုးပင်များအား ဒေသ၏ ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိအောင် လေ့ကျင့် ပျိုးထောင်၍စိုက်ပျိုးမည် ဆိုပါက အောင်မြင်ဖြစ်ထွန်းနိုင်မည် ဖြစ်သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဝန် ထမ်းများက နည်းပညာပိုင်းဆိုင်ရာ အကူအညီများ ပေးသွားမည်ဖြစ်ပြီး၊ အပူပိုင်းဇုန် ဒေသများအား သဲကန္တာရဒေသအဖြစ်သို့ မရောက်ရှိစေရေး အပူပိုင်းဇုန်ဒေသ စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများကို နိုင်ငံတော် အစိုးရ၊ ဒေသခံပြည်သူများ အတူတကွ ပူးပေါင်း ဆောင်ရွက်သွားရန်လိုအပ်မှု၊ ချောက် ခရိုင်သည် ဆီထုတ်လုပ်မှုနှင့် ဝါစိုက်ပျိုးထုတ် လုပ်မှုများ တိုးတက်အောင်ထုတ်လုပ်နိုင်ပြီး MSME လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်၍ ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်သည့် အခြေအနေကောင်းများကို ပိုင်ဆိုင်ထားရှိမှု စသည့်အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

Total Views ~ 210

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43906

© 2022 - 2025 News. All Rights Reserved.