ချောင်းဦးမြို့နယ်တွင်  အကြမ်းဖက်အုပ်စု PDF အဖွဲက စာသင်ကျောင်းအား မီးရှိဖျက်ဆီး

၂၀၂၃၊ ဧပြီ ၁

ယမန်နေ့ (မတ် ၃၁)မွန်းလွဲ ၂နာရီ ၅၅ မိနစ်အချိန် မုံရွာခရိုင် ချောင်းဦးမြို့နယ်၏ အရှေ့မြောက်ဘက်  ၁ မိုင်ခန့်အကွာ မြို့သစ်ရပ်ကွက်ရှိ အမက(၁၁)တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ  ပူးပေါင်းအဖွဲက  မီးငြှိမ်းသတ်ယာဉ် ၂ စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ယင်းနေ့ ညနေ ၃ နာရီတွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။

 ဖြစ်စဉ်အား စုံစမ်းခဲ့ရာ အကြမ်းဖက်အုပ်စု PDF အင်အား(စိစစ်ဆဲ) သည် ဘူတာကျေးရွာဘက်မှ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ကျောင်းဆောင်၏ ပြတင်းပေါက်အား ဖျက်ဆီးကာ ကျောင်းအတွင်းဝင်ရောက်၍ မီးရှိဖျက်ဆီးသွားကြောင်း သိရှိရပြီး မီးလောင်မှုကြောင့် သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်း အဆောက်အဦ၏ဝါးကပ်မျက်နှာကျက် (၃၂×၃၂)ပေခန့်(တန်ဖိုး ၃၅,၀၀၀ ကျပ်ခန့်) မီးလောင်ပျက်စီးဆုံးရှုးခဲ့သဖြင့် တရားခံဖမ်းဆီးရမိရေး သက်ဆိုင်ရာမှ စုံစမ်းလျက်ရှိကြောင်း သိရသည်။

Total Views ~ 275

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43364

© 2022 - 2025 News. All Rights Reserved.