Breaking

ဂျပန်တွင် လေးလအတွင်း နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလျှောက်ထားသည့် မြန်မာနိုင်ငံသား ၇၅၀၀ ကျော်ရှိလာ

၂၀၂၃၊ အောက်တိုဘာ ၂၃
    ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးသို့ လေးလအတွင်း နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျှောက်ထားသည့် မြန်မာ အလုပ်သမား ၇၅၀၀ ကျော်ရှိကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ထုတ်ပြန်ချက် အရ သိရသည်။
    သံရုံးထုတ်ပြန်ချက်အရ  ၂၀၂၃ ခုနှစ်  ဇွန်လအတွင်း ၁၅၇၅ ဦး၊ ဇူလိုင်လအတွင်း ၁၇၅၈ဦး သြဂုတ်လအတွင်း ၂၁၈၇ ဦးနှင့် စက်တင်ဘာလအတွင်း ၂၀၄၇ ဦး အသီးသီးနှင့် စုစုပေါင်း ၇၅၆၇ ဦး အပြင် လက်ရှိအချိန်ထိ စာတိုက်မှ တစ်ဆင့်ပေးပို့ သက်တမ်းတိုး လျှောက်ထားမှုများ နေ့စဉ် ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
    ကိုဗစ်ကာလ နောက်ပိုင်းမှစပြီး သံရုံးသို့ ကောင်စစ်ကိစ္စများ ဆောင်ရွက်ရန်အတွက် လာရောက်ကြ သည့် နိုင်ငံသားများ ပိုမိုများပြားလာခဲ့ရာ အချို့ရက်များတွင် သံရုံး၏ ကောင်စစ် အဆောက်အဦးတွင် လက်ခံနိုင်သည့် လူဦးရေထက် များစွာ ကျော်လွန်ခဲ့သည့်အတွက် လာရောက်ကြ သည့် မြန်မာနိုင်ငံ သားများအနေဖြင့် အချိန်ပေး စောင့်ဆိုင်းရမှုများရှိလာသလို  ကျန်းမာရေး ရှုထောင့်အရ အလေးထားရမည့် အနေ ထားဖြစ်လာသောကြောင့် စာအုပ်ထုတ်ယူချိန်ကို ယခုလကုန်မှစ၍ ပြောင်းလဲသတ်မှတ် လိုက်ကြောင်း သိရသည်။
    နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျှောက်ထားပြီး သူများအနေဖြင့် စာအုပ် လာရောက် ထုတ်ယူချိန်ကို ယခင်နံနက် ၁၀ နာရီမှ ၁၂ နာရီအတွင်းအစား လာမည့် နိုဝင်ဘာ ၁ ရက်မှစပြီး မွန်းလွဲ ၁ နာရီခွဲမှ ၂ နာရီခွဲအတွင်း ပြောင်းလဲသတ်မှတ်လိုက်ကာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျှောက်ထားမည့် သူများအနေဖြင့် ယခင် အချိန် နံနက် ၁၀ နာရီမှ ၁၂ နာရီအတွင်း လာရောက်နိုင် ကြောင်း သိရသည်။

Total Views ~ 300

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43862

© 2022 - 2025 News. All Rights Reserved.