၂၀၂၄ ၊ ဇန်နဝါရီ ၁၀
ဂျပန်နိုင်ငံမှ ခေါ်ယူမည့် မြန်မာလုပ်သားများအတွက် အလုပ်ကမ်းလှမ်းစာ စိစစ်သည့် လုပ်ငန်းများ ပိုမိုထိရောက် မြန် ဆန်စေရန်အတွက် ပြောင်းလဲဆောင်ရွက်သွားမည်ဟု ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာသံရုံးက ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီး ဌာနသည် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့် မြန်မာသံရုံးထံ ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာများကို စိစစ်နိုင်ရန်အတွက် အချက်အလက်များ ပေးပို့ရန် ဂျပန်ကုမ္ပဏီ တစ်ခုချင်းဆီကို ၤထေ ပေးပို့ခြင်း မပြုတော့ဘဲ သံရုံး၏ လူမှုကွန်ရက်နှင့် ဝက်ဘ်ဆိုက်တွင် တစ်ပတ်လျှင်တစ်ကြိမ် ထုတ်ပြန်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် သက်ဆိုင်ရာ ဂျပန်ကုမ္ပဏီများက စာတိုက်မှတစ်ဆင့် ပေးပို့လာ သည့် အချက်အလက်များကို သံရုံးမှအလုပ် ကမ်းလှမ်းစာ မှန်ကန်မှုရှိမရှိ စိစစ်သွားမည်ဖြစ်ပြီး စိစစ်ပြီး မှန်ကန်သည့် ကုမ္ပဏီစာရင်း ကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ပေးပို့ပြီး အလုပ်ကမ်း လှမ်းစာများကို ၁၅ ရက်လျှင်တစ်ကြိမ် သံရုံး၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန် ကြေညာသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာ သံရုံးအနေဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် မြန်မာအလုပ်သမား ၁၀၀၀ ကျော် ကို ခေါ်ယူရန်အတွက် ဂျပန်ကုမ္ပဏီ ၃၀၀ ခန့်က အလုပ်ကမ်းလှမ်းထားသည့် စာရင်း များကို ထုတ်ပြန်ကြေညာထားသည်။