၂၀၂၄ ဧပြီ ၁
ဂျပန်နိုင်ငံ၌ လူသေစေလောက်သည့် ရှားပါးလည်ချောင်းရောဂါတစ်မျိုးဖြစ်ပွားလျက်ရှိပြီး ရောဂါပိုးကူးစက်ခံရသည့် လူနာများသည် ပိုမိုမောလာနိုင်ကြောင်း ဂျပန်ကျန်းမာရေးအာဏာပိုင်များက သတိပေးထားသည်ဟု သိရသည်။
ဂျပန်နိုင်ငံတွင် streptococcal toxic shock syndrome (STSS) အမည်ရှိ အဆိုပါရောဂါကူးစက်မှုသည် ၂၀၂၄ ခုနှစ် ပထမသုံးလအတွင်း ၆၀၀ ကျော်အထိရှိလာခဲ့ပြီး ၎င်းပမာဏသည် ယမန်နှစ် တစ်နိုင်ငံလုံးစုစုပေါင်းကူးစက်မှု ၉၄၁ ခုထက် ထက်ဝက်ကျော်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
ပုံမှန်အားဖြင့် အသက်ကြီးသူများ၌ ကူးစက်မှု၏နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေပိုများသည်ဟုယူဆသော်လည်း ဂျပန်နိုင်ငံ၏ နိုင်ငံတော်ကူးစက်ရောဂါများသိပ္ပံက ထုတ်ပြန်ချက်အရ ယခုမျိုးကွဲသည် အသက် ၅၀ နှစ်အောက် လူနာများ ၌ သေဆုံးမှု ပိုမိုများလာသည်ကို တွေ့ရသည်။
၂၀၂၃ ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း အသက် ၅၀ နှစ်အောက် လူနာ ၆၅ ဦးတွင် ၂၁ ဦးသည် အဆိုပါရောဂါကူးစက်မှုကြောင့် ေ-သဆုံးခဲ့ကြောင်း The Guardian ကဖော်ပြခဲ့ပြီး ရောဂါပိုးရှိသူနှင့်အလွန်နီးကပ်စွာထိတွေ့ခြင်းအပါအဝင် ခန္ဓာကိုယ်မှထွက်သောအရည်များမှတစ်ဆင့်ကူးစက်တတ်သည်ဟု သိရသည်။
ကူးစက်ခံရသည့် လူနာများသည် သွေးပေါင်ချိန်အလွန်လျင်မြန်စွာကျဆင်းခြင်း သို့မဟုတ် ကိုယ်တွင်းအင်္ဂါများချို့ယွင်းမှုများဖြစ်ပေါ်ကာ သေဆုံးသည်အထိခံစားရနိုင်သည်ဟုလည်းသိရသည်။
Source : တူဒေး