Breaking

ငမိုးရိပ်ရေလှောင်တမံကြောင့် ချောင်းရေ ထပ်မံမြင့်တက်လာရန်မရှိဟု ဝန်ကြီးဌာန ထုတ်ပြန်

၂၀၂၃ အောက်တိုဘာ ၁၇
    ငမိုးရိပ်ရေလှောင်တမံကြောင့် ချောင်းရေထပ်မံမြင့်တက်လာရန် မရှိ ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအ သုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ထုတ်ပြန်လိုက်သည်။
    ငမိုးရိပ်ရေလှောင်တမံသည် စက် တင်ဘာလ ၅ ရက် မွန်းတည့် ၁၂ နာရီမှ စ၍ ကန်ရေပြည့် သိုလှောင်နိုင်သည့် ပမာ ဏထက် ရေဝင်ရောက်မှုဖြစ်ပေါ်လာသဖြင့် ရေပိုလွှဲမှ စတင်ရေကျော်ကာ မူလချောင်း အတွင်းသို့ ပြန်လည်စီးဆင်းခဲ့ကြောင်း သိရသည်။  ပုံမှန်ရေကျော်စီးဆင်းနေခဲ့ရာမှ အောက်တိုဘာလ ၆ရက်မှ အောက်တိုဘာလ ၁၁ ရက်ထိ ရေလှောင်တမံ၏ ရေဆင်းဧရိ ယာနှင့် ရေလှောင်တမံ၏ အောက်ဘက် ဧရိယာများတွင် မိုးများ ရက်ဆက်ရွာသွန်းခဲ့ ရာ စုစုပေါင်းမိုးရေချိန် ၁၄ ဒသမ ၉၀ လက်မအထိ ထူးကဲစွာ ရွာသွန်းခဲ့ကြောင်း လည်း သိရသည်။ ငမိုးရိပ်ရေလှောင်တမံ၏ ရေပိုလွှဲတွင် ပုံမှန်ရေကျော်စီးဆင်းလျက်ရှိရာ မှ အောက်တိုဘာလ ၈ ရက် ညနေတွင် ၆ ဒသမ ၁ ပေအထိ အမြင့်ဆုံးရောက်ကာ ရေ ကျော်စီးဆင်းခဲ့ကြောင်း၊ ယင်း  ရေကျော်စီး ဆင်းသည့်ရေများသည် မူလငမိုးရိပ်ချောင်း အတွင်းသို့ စီးဆင်းခြင်း၊ ရေလှောင်တမံ၏ အောက်ဘက်ဒေသများတွင် မိုးများရက် ဆက် ရွာသွန်းခဲ့သဖြင့် ကွင်းရေများ၊ ချောင်း ရေများ စုပေါင်း စီးဝင်လာသောကြောင့် ငမိုးရိပ်ချောင်းရေ မြင့်တက်ကာ ရေကြီးရေ လျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
    ရေလှောင်တမံတွင် ရေထုတ်နုတ်နိုင်သည့် ရေအားအဆောက်အအုံအဖြစ် ရေထုတ်ပြွန်တစ်ခု၊ ရေပိုလွှဲတစ်ခုနှင့်အကူ ရေပိုလွှဲ တစ်ခုသာပါရှိသောကြောင့် အခြားရေဖောက်ချ၍ရသည့် နေရာမရှိ ကြောင်း  ထုတ်ပြန်ချက်တွင် ဖော်ပြထားကာငမိုးရိပ်ရေ လှောင်တမံတွင် ကြိုတင်ရေးဆွဲထားသည့် အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု စီမံချက် (EPP- Emergency Preparedness Plan)ပါအတိုင်း ရေပိုလွှဲမှရေစတင်စီးဆင်းသည့် အချိန်မှစ၍ တမံအောက်ဘက်ရှိကျေး ရွာအုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ပြည်သူများသို့ စိုးရိမ်မှုမရှိစေရေး အသိပေး အကြောင်းကြားထားကြောင်းသိရသည်။
    ငမိုးရိပ်ရေလှောင်တမံသည် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင် တည်ရှိပြီး တမံအမြင့် ၇၅ ပေ၊ အလျား ပေ ၁၅၅၀၀၊ ရေလှောင်ပမာဏ ဧကပေ ၁၈၀ ၀၀၀၊ လယ်မြေဧရိယာ ၃၀၅၆၇ ဧကကို စိုက်ပျိုးရေ ပေးဝေလျက်ရှိသည့်အပြင် ရန်ကုန်မြို့တော် သောက်သုံးရေအတွက်လည်း နေ့စဉ် ရေဂါလန် သန်း ၁၃၀ ပေးဝေလျက် ရှိသည်။

Total Views ~ 281

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43849

© 2022 - 2025 News. All Rights Reserved.