နေပြည်တော်၊ အောက်တိုဘာ ၂၃
မြန်မာ့မီးရထားမှ အောက်တိုဘာ ၂၀ ရက်မှစပြီး ရန်ကုန်မြိုပတ်ရထားလက် မှတ်ခနှုန်းထားများအား ပြောင်းလဲတိုးမြှင့် ကောက်ခံလိုက်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ရထားလမ်းပိုင်းအလိုက် သုံးစွဲနေရသည့် စက်သုံးဆီ ကုန်ကျစရိတ်ကို ကာမိစေရန်အတွက် ပြောင်းလဲသတ်မှတ်ရခြင်းဖြစ်ကြောင်း မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"မြို့ပတ်ရထားမှာ ခရီးသည်တွေ စီးနင်းဖို့အတွက် လက်မှတ်ခနှုန်းထားတွေ ပြင်ဆင် ပြောင်းလဲလိုက်ပါတယ်။ ၂၀-၁၀- ၂၀၂၄ ရက်ကနေစပြီး လက်မှတ်ခနှုန်းထားတွေ ပြောင်းလဲရတဲ့ အကြောင်းအရင်းကတော့ ရထားလမ်းပိုင်းအလိုက်ပြေးနေရာမှာ အသုံးပြုနေတဲ့ စက်သုံးဆီ နှုန်းထားတွေ အရ ကုန်ကျစရိတ်ကို ကာမိစေဖို့ တိုးမြှင့်လိုက်ရတာ ဖြစ်ပါတယ်။ သတ်မှတ်လိုက်တဲ့ နှုန်းထားတွေက ယခင်က တော့ 'ဝ'မိုင်ကနေ ၁၅ မိုင်အထိ စီးမယ်ဆိုရင် ကျပ်၂၀၀ နှုန်း၊ ၁၅ မိုင်ကနေ အထက် စီးခဲ့မယ်ဆိုရင်တော့ ကျပ် ၃၀၀ နှုန်း ရောင်းချကောက်ခံခဲ့ပါတယ်။ အခု ပြောင်းလဲလိုက်တဲ့ နှုန်းအသစ်ကတော့ 'ဝ'မိုင်ကနေ ၁၅ မိုင် အထိကို ကျပ် ၄၀၀နှုန်းနဲ့ ၁၅ မိုင်အထက်ကို ကျပ် ၈၀၀ နှုန်း ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ လသုံးကတ်တွေ အနေနဲ့ကတော့ ကျောင်းသားလူငယ်တွေအတွက် တစ်လကို ခရီးတစ်ဝက်ပဲ စီးတဲ့ကျောင်းသားတွေအတွက်က ကျပ် ၉၀၀၀ နှုန်းကျသင့်ပြီးတော့။ ခရီးအပြည့်စီးမယ်ဆိုရင် ကျပ် ၁၄၀၀၀ ကျသင့်မှာ ဖြစ်ပါတယ်။ အပြင်အရပ်သားနဲ့ ဝန်ထမ်းတွေ အတွက်ကတော့ တစ်လကို ကျပ် ၁၄၀၀၀ ကျပ်နှုန်း ကျသင့်ပြီးတော့ 'ဝ'မိုင်ကနေ ၁၅ မိုင်ကျော်ပြီး စီးနင်းခဲ့မယ်ဆိုရင် ကျပ် ၂၇၀၀၀ နှုန်းကျသင့်မှာ ဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။
ယခင် သတ်မှတ်နှုန်းထားမှာ 'ဝ'မိုင်ကနေ ၁၅ မိုင်အထိ စီနင်းမည်ဆိုလျှင် ကျပ် ၂၀၀ နှုန်း။ ၁၅ မိုင်မှ အထက်စီးနင်း မည်ဆိုပါက ကျပ် ၃၀၀ နှုန်းရောင်းချ ကောက်ခံ ခြင်းဖြစ်ပြီး ယခုပြောင်းလဲလိုက်သည့် နှုန်းအသစ်မှာ 'ဝ'မိုင်မှ ၁၅ မိုင်အထိ ကျပ် ၄၀၀ နှုန်း၊ ၁၅ မိုင်အထက် ကျပ် ၈၀၀ နှုန်း ပြောင်းလဲသတ်မှတ်ခြင်ဖြစ်သည်။ ကွန်းဈာန်