၂၀၂၃ နိုဝင်ဘာ ၁၃
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် စက်သုံးဆီတင် သင်္ဘောလေးစီး ဆိုက်ကပ်ခဲ့ပြီး စက်သုံးဆီ တင် သင်္ဘော ၁၅ စီး မကြာမီ ထပ်မံရောက်ရှိ ဆိုက်ကပ်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ယခု ရက်ပိုင်းတွင် စက်သုံးဆီ ရောင်းချသည့် ခွဲတမ်းများ လျှော့ချခြင်း၊ စက်သုံးဆီဝယ်ယူရန် အစိုးရက ဒေါ်လာချ မပေးခြင်း၊ စက်သုံးဆီဆိုင်များတွင် ဆီပြတ်လပ်နေခြင်း စသော စက်သုံးဆီနှင့်ပတ်သက်၍ ကောလာဟလသတင်းများ ထွက်ပေါ်ခဲ့သည်။
အဆိုပါ စက်သုံးဆီနှင့် ပတ်သက်၍ ကောလာဟလသတင်းများ ထွက်ပေါ်နေပြီး ပြည်တွင်းစက်သုံးဆီ လက်ကျန် ၉၂-ဂါလန် ၁၃ သန်းကျော်၊ ဒီဇယ်ဂါလန် သန်း ၃၀ ကျော်ရှိပြီး ဆီတင်သင်္ဘော ၁၅ စင်း ထပ်မံရောက်ရှိလာရန်ရှိ၍ ပြည်တွင်းမှာ စက်သုံးဆီ အလုံအလောက်ရှိကြောင်း၊ ပြည် သူများအနေဖြင့် ဘက်ပေါင်းစုံမှ အချိန်ကိုက်ထုတ်လွှင့်သော သတင်းအမှားများကိုကြည့်ကာ သတင်းအဆိပ်မသင့်ကြရန်နှင့် သတိထားကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်း ထွန်းက နိုဝင်ဘာ ၁၂ ရက်တွင် အသိပေးပြောကြားထားသည်။
"ကျွန်တော်တို့အနေနဲ့ စက်သုံးဆီကို ပြည်တွင်းမှာ တစ်လ၊ မည်သည့် စက်သုံးဆီအမျိုးအစားမဆို တစ်လအရန်ရှိ အောင် အမြဲတမ်းဆောင်ရွက်လျက်ရှိတယ်။ ဒါ့အပြင် စက်သုံးဆီနဲ့ပတ်သက်ပြီး နိုင်ငံတော် အစိုးရအနေနဲ့ အထူးအလေးထား ဆောင်ရွက်နေတဲ့ အတွက်ကြောင့်မို့လို့ ယခင်အတိုင်းပဲ ဒေါ်လာ ရောင်းချပေးတာတွေ ဆောင်ရွက်လျက်ရှိပါတယ်"ဟု ဗိုလ်ချုပ်ဇော် မင်းထွန်းက ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် ပြည်သူလူထုအနေဖြင့် လက်ရှိအချိန်တွင် အချိန်ကိုက် နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ၊ ကာကွယ် ရေးအရ ဘက်ပေါင်းစုံသတင်းအမှားများ ထုတ်လွှင့်နေမှုမျိုး ရှိနေမည်ဖြစ်၍ ထိုသတင်း အမှားများကိုကြည့်၍ သတင်းအဆိပ်မသင့် ကြရန် သတိပေးထားပြီး။ ထို့အပြင် ရှမ်း မြောက်တိုက်ပွဲများကြောင့် ကုန်သွယ်မှုရပ် တန့်နေခြင်းမှအပ စက်သုံးဆီ၊ စားသုံးဆီလုပ် ငန်းအပါအဝင် ကျန်သည့် စီးပွားရေးလုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေကြောင်း အသိပေးပြောကြားခဲ့ပြီး အဖျက်အမှောက် လုပ်ငန်းများကိုလည်း လုံခြုံရေး တပ်ဖွဲ့များနှင့် ပြည်သူလူထု ပူးပေါင်းကာကွယ်သွားရန် လိုအပ်ကြောင်းနှင့် အစိုးရအနေဖြင့်လည်း သတင်းများ အချိန်မီ ထုတ်လွင့်ပေးမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက အသိပေးပြောကြားထားသည်။