စက်သုံးဆီအရောင်းဆိုင်များ သိုလှောင်မှုဂါလန် တိုးမြှင့်သတ်မှတ်

ရန်ကုန်၊ သြဂုတ် ၂၈
    မြန်မာနိုင်ငံတစ်ဝန်းရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် သိုလှောင်နိုင်သည့် ပမာဏကို ယခင်က အများဆုံး ဂါလန် ၇၆၈၀၀ အထိသာခွင့်ပြုခဲ့ရာ ယခုအခါ ဂါလန် ၇၆၈၀၀ ကျော်နှင့်အထက် စတင်သိုလှောင်ရန် တိုးမြှင့်သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ အသိပေးလိုက်သည်။
    သယံဇာတနှင့်သဘာ၀ ပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ပတ် ဝန်းကျင်ထိန်း သိမ်းရေး ဥပဒေပုဒ်မ ၄၂၊ ပုဒ် မခွဲ(ခ)အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။
    အမိန့်ကြော်ငြာစာအရ ဓာတ်ငွေ့ရည် (LPG) ၊ သဘာဝဓာတ်ငွေ့ (CNG) အပါအဝင် စက်သုံးဆီ အရောင်းဆိုင်လုပ်ငန်း များ၏ ကနဦး ပတ်ဝန်းကျင် ဆန်းစစ်ခြင်း သို့မဟုတ် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ချက်အရ ဂါလန် ၇၆၈၀၀ ကျော်မှ စတင်သိုလှောင်နိုင်ရန် တိုးမြှင့်ပြင်ဆင် သတ်မှတ် လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
    သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ နောက်ဆက်တွဲ(က)ပါ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းအမျီုးအစား အမှတ်စဉ်(၂၄) (ဓာတ်ငွေ့ရည်(LPG)၊ သဘာဝဓာတ် ငွေ့ (CNG) အပါအဝင် စက်သုံးဆီအရောင်း ဆိုင်လုပ်ငန်း)၏ ကနဦးပတ်ဝန်းကျင်ဆန်း စစ်ခြင်း (Initial Environmental Exami-nation-IEE) သို့မဟုတ် ပတ်ဝန်းကျင်ထိခိုက် မှုဆန်းစစ်ခြင်း (Environmental Impact Assessment – EIA)  ဆောင်ရွက်ရန်လိုအပ်သည့် စီမံကိန်းအမျိုးအစားနှင့် အရွယ်အစား သတ်မှတ်ချက်တို့ ပြင်ဆင်သတ်မှတ်လိုက် ခြင်းဖြစ်သည်။
    ဓာတ်ငွေ့ရည် (LPG)၊ သဘာ၀ ဓာတ်ငွေ့ (CNG) အပါအဝင် စက်သုံးဆီအရောင်းဆိုင်လုပ်ငန်း များအတွက် ကနဦးပတ် ဝန်းကျင်ဆန်းစစ်ခြင်း ပြုလုပ်ရန်လိုအပ်သည့် အရွယ်အစားမှာ သိုလှောင်နိုင်မှု အနည်းဆုံး ဂါလန် ၅၆၀၀၁ (၂၅၄၅၈၀ ဒသမ ၅၄၆ လီတာ)မှ ယခုပြင်ဆင်သတ်မှတ်မှုအရ အများဆုံး ဂါလန် ၇၆၈၀၀ (၃၄၉၁၃၂ ဒသမ ၈ လီတာ) အထိမှ အနည်းဆုံး သိုလှောင်နိုင်မှု ဂါလန် ၇၆၈၀၁ (၃၄၉၁၃၇ ဒသမ ၃၄၆ လီတာ)နှင့် အထက်အထိ တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။
ထူးမြတ်

Total Views ~ 221

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43814

© 2022 - 2025 News. All Rights Reserved.