စင်တင်ဖျော်ဖြေပွဲ၊ ရုပ်သံထုတ်လွှင့်ခြင်းနှင့် Online ထုတ်လွှင့်ခြင်းတို့အတွက် တေးသီချင်းများအား အသုံးပြုမည်ဆိုပါက မူပိုင်ခွင့်ရှိသူများထံမှ တရားဝင်ခွင့်ပြုချက်ရယူရမည်

 

ရန်ကုန် ၊ ဩဂုတ် ၃၁

တေးသီချင်းများအား စင်တင်ဖျော်ဖြေပွဲ၊ ရုပ်သံထုတ်လွှင့်ခြင်းနှင့် Online ထုတ်လွှင့်ခြင်းတို့အတွက် တေးသီချင်းများအား အသုံးပြုမည်ဆိုပါကမူပိုင်ခွင့်ရှိသူများထံမှ တရားဝင်ခွင့်ပြုချက်ရယူရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) မြန်မာနိုင်ငံတေးသီချင်းမူပိုင်ရှင်များအသင်းက အသိပေး ထုတ်ပြန်ထားသည်။

တေးသီချင်းများအားသုံးစွဲခြင်းများနှင့်ပတ်သက်၍ တေးသီချင်းများအား စင်တင်ဖျော်ဖြေပွဲ၊ ရုပ်သံထုတ်လွှင့်ခြင်းနှင့် Online ထုတ်လွှင့်ခြင်းတို့အတွက် အသုံးပြုမည်ဆိုပါက တရားဝင် မိမိကိုယ်တိုင် မူပိုင်ခွင့်စီမံခန့်ခွဲသူများ(ထုတ်လုပ်သူ၊ တေးရေး၊ တေးဆို၊ တီးဝိုင်း၊ အသံဖမ်း) (သို့မဟုတ်) တရားဝင်မူပိုင်ခွင့်လွဲအပ်ခြင်းခံရသော အဖွဲ့အစည်းများ/လူပုဂ္ဂိုလ်များထံမှခွင့်ပြုချက်ရယူရန်၊ (တီးဝိုင်းနှင့်သီဆိုဖျော်ဖြေပါက တေးရေးခွင့်ပြုချက်ကိုလည်း ကောင်း(သို့) music onlyတီးလုံးဖွင့်၍ သီဆိုဖျော်ဖြေလိုပါက မူပိုင်ခွင့်ရှိသော သူများအားလုံးထံမှလည်းကောင်းရယူရပါမည်)ဟု ထုတ်ပြန်ထား သည်။

ထို့အပြင် စင်မြင့်ဖျော်ဖြေပွဲများတွင် အသုံးပြုမည်ဆိုပါက ဖျော်ဖြေပွဲစီစဉ်သူကသော်လည်းကောင်း၊ အသုံးပြုသူကသော်လည်းကောင်း၊ မူပိုင်ခွင့်ရှိသူ များထံမှ တရားဝင်ခွင့်ပြုချက်ရယူရန်တရားဝင်ခွင့်ပြုချက်မရှိဘဲ ရယူသုံးစွဲပါက ဖြစ်ပေါ်လာသည့်ကိစ္စအဝဝအတွက် သုံးစွဲသူမှတာဝန်ယူရန်နှင့် တာ ဝန်ယူဖြေရှင်းနိုင်ခြင်းမရှိပါက တည်ဆဲဥပဒေ၊ သက် ဆိုင်ရာအဖွဲ့အစည်းများ၏ သတ်မှတ်ထားသောစည်းမျဉ်းစည်းကမ်းအရသာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတေး သီချင်းမူပိုင်ရှင်များအသင်းက အသိပေးကြေညာခဲ့သည်။

Photo - အင်တာနက်

Total Views ~ 194

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43777

© 2022 - 2025 News. All Rights Reserved.