Breaking

စစ်ကိုင်းတိုင်းအတွင်းဖြန့်ဖြူးရောင်းချမည့် ကျပ် ၃ ဒသမ ၆၉ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးများဖမ်းဆီးရမိ

၂၀၂၃ အောက်တိုဘာ ၂၄
    ရှမ်းပြည်နယ်မှ စစ်ကိုင်းတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းချမည့် ကျပ် ၃ ဒသမ ၆၉ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
    ဖြစ်စဉ်မှာလုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၈ ရက် နံနက် ၈ နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ နတ်ကြီး ကုန်းကျေးရွာအနီးတွင် မန္တလေးမှ ကလေးမြို့သို့ ဧရာထွန်း(ခ) ဇေယျာထွန်း မောင်းနှင်ပြီး သီဟထွန်း လိုက်ပါလာသော မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် ကုန်ပစ္စည်းများနှင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၆၉ ဘီလီယံတန်ဖိုးရှိ ဆပ်ပြာခွက် ၃၃၀၀ ခွက်အတွင်းမှ ဘိန်းဖြူ ၃၃ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ဒသမ ၂ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
    ဆက်လက်ပြီး မူးယစ်ဆေးဝါးဖမ်း ဆီးရမိမှုသတင်းကွင်းဆက်အရ အောက်တို ဘာ ၁၉ ရက် ည ၈ နာရီခွဲတွင် အဆိုပါ မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ သိန်းထွန်းအောင်(ခ) ချမ်းမြေ့အောင်(ခ)ချမ်းမြေ့အား မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
    စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ စစ်ကိုင်း တိုင်းဒေသကြီးသို့ သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော် ထုတ်လျက်ရှိကြောင်း သိရသည်။

Total Views ~ 193

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43865

© 2022 - 2025 News. All Rights Reserved.