Breaking

စစ်ကိုင်းတိုင်းအတွင်းရှိ လမ်း၊ တံတား အသုံးပြုခ ကောက်ခံရေးဂိတ် ၂၈ ခုကို ကြမ်းခင်းဈေးများ သတ်မှတ်ထားပြီး လေလံတင်ရောင်းချမည်

၂၀၂၄ ၊ မတ် ၁၂ 
    စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လမ်း၊ တံတားအသုံးပြုခ ကောက်ခံရေးဂိတ် ၂၈ ခုကို ကြမ်းခင်းဈေးများသတ်မှတ်ထားပြီး လေလံတင် ရောင်းချမည်ဖြစ်ကြောင်း လေလံ ကြီးကြပ်ရေးအဖွဲ့ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
    စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်ထောင်စုနှင့် တိုင်းဒေသကြီးလမ်းများပေါ်ရှိ လမ်း၊ တံတား အသုံးပြုခကောက်ခံရေး လုပ်ငန်းများအတွက် ယှဉ်ပြိုင်နည်းလမ်းဖြင့် လေလံတင်ရောင်းချရန် ကြေညာထားချက်တွင် လမ်း၊ တံတားအသုံးပြုခ ကောက်ခံရေးဂိတ် ၂၈ ခု၏ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွက် လမ်း၊ တံတားအသုံးပြုခ ကောက်ခံခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ကို နိုင်ငံသားများသို့ မတ် ၂၈ ရက် နံနက် ၉ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် လေလံတင်ရောင်းချမည် ဖြစ်ပြီး ယှဉ်ပြိုင်နည်းလမ်းဖြင့်ကောက်ခံမည့် လမ်း ဂိတ်များ၏ ကြမ်းခင်းဈေးများ ဖော်ပြထားသည်။
    လေလံတင်ရောင်းချမည့် လမ်းဂိတ်များမှာ တမူးခရိုင်ရှိ(ပန်းသာဂိတ်)၊ မုံရွာ ခရိုင်ရှိ (အရာ တော်-နောင်ကြီးအိုင်ဂိတ်၊ မုံရွာ-နောင်ကြီးအိုင်ဂိတ်နှင့် အရာတော်ဂိတ်)၊ ရွှေဘိုခရိုင်ရှိ (ရွှေဘို-ရေဦး ဂိတ်၊ ရေဦး-ခင်ဦးဂိတ်၊ ရွှေဘို-မြစ်ကြီးနား(ရွှေဘို)ဂိတ်၊ သမရိုးတံတားဂိတ်)၊ ကန့်ဘလူခရိုင်ရှိ (ကန့်ဘလူဂိတ်နှင့် စပယ်နံ့သာဂိတ်)၊ ကသာခရိုင်ရှိ (ထီးချိုင့်ဂိတ်၊ နဘားဂိတ်၊ နန့်မဟုတ်တံတား ဂိတ်၊ ခွန်နန်တံတားဂိတ်၊ ထီးချိုင့်တံတားဂိတ်၊ ရွှေလီ(ငါးအို့)တံတားဂိတ်)၊ ကောလင်းခရိုင် ရှိ (မြေလင်းဂိတ်၊ ကျောက်တန်းဂိတ်)၊ ကလေးခရိုင်ရှိ (အင်ဒိုင်းကြီးဂိတ်၊ ကလေး-ဂန့်ဂေါဂိတ်၊ ကျီကုန်းဂိတ်၊ မြစ်သာ-ကလေး၀ တံတားဂိတ်၊ နေရÍ္စရာတံတားဂိတ်၊ ဘုံချောင်းတံတားဂိတ်၊ ကမ္ဘာနီတံတားဂိတ်)၊ ဟုမ္မလင်း ခရိုင်ရှိ (ဥရုတံတားဂိတ်)၊ စစ်ကိုင်းခရိုင် B.O.T လမ်းပေါ်ရှိ (ညောင်ပင်ဝန်း တံတားဂိတ်)၊ ယင်းမာပင်ခရိုင် B.O.T လမ်းပေါ်ရှိ (မြောက်ယမားတံတားဂိတ်)တို့ဖြစ်ကြောင်း သိရပြီး အဆိုပါ လမ်းဂိတ်များကိုလည်း အနည်းဆုံး ကျပ်သိန်း ၂၀၀ မှ စတင်ကာ ကျပ်သိန်း ၃၇၀၀ ကျော်အထိ ဂိတ်တစ် ခုချင်းစီ ကြမ်းခင်းဈေးများ သတ်မှတ်ထားသည်။
    လမ်း-တံတား ဂိတ်တစ်ခုချင်းအလိုက် လေလံတင်သွင်းခွင့် လျှောက်လွှာများကို ညွှန်ကြား ရေးမှူးရုံး၊ လမ်းဦးစီးဌာန၊ စစ် ကိုင်းတိုင်း ဒေသကြီး(မုံရွာမြို့)တွင် ထုတ်ယူနိုင်ပြီး လေလံတင်သွင်းလွှာများကို ညွှန်ကြားရေးမှူးရုံးတွင် မတ်လ ၂၅ ရက် ညနေ ၄ နာရီ နောက်ဆုံးထား မှတ်ပုံတင်နိုင်ကြောင်း သိရပြီး စိတ်ပါဝင်စားကြေး၊ အာမခံကြေးနှင့် လေလံတင်သွင်းရန် အသေးစိတ် စည်းကမ်းချက်များကို လမ်းဦးစီးဌာန(မုံရွာမြို့)သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း အသိပေးထားသည်။ 

Total Views ~ 202

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43965

© 2022 - 2025 News. All Rights Reserved.