စစ်ကိုင်းမြို့ ငလျင်ဘေးသင့် ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းများ ဈေးရောင်းပွဲတော် ကျင်းပမည်

ရန်ကုန်၊ မေ ၁၄
    စစ်ကိုင်းမြို့ ငလျင်ဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းများ ဈေးရောင်းပွဲတော်ကို စစ်ကိုင်းမြို့ နှစ်(၇၀၀) ဘောလုံးကွင်းအတွင်း၌ မေ ၁၂ ရက်မှ ၁၆ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
    စစ်ကိုင်းမြို့တွင် ငလျင်ကြီးကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည့် ငလျင်ဘေးသင့်ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်အတွက် အိမ်ဆောက်ပစ္စည်းများ ဈေးရောင်းပွဲတော်ကို ကျင်းပခြင်းဖြစ်ကြောင်း၊ ဈေးရောင်းပွဲတော်တွင် ဆိုင်ခန်းပေါင်း ၂၂ ခန်းဖြင့် ဘိလပ်မြေ၊ အုတ်၊ ကပ်၊ ဝါးထရံ၊ သွပ်၊ ပိုက်နှင့် ဆက်စပ်ပစ္စည်းများ၊ လျှပ်စစ်ဆိုင်ရာ ဆက်စပ်ပစ္စည်းများနှင့် အခြားအိမ်ဆောက်ပစ္စည်း များကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးမည် ဖြစ်သည်။
    အလှူရှင်များက ငလျင်ဘေးသင့် ပြည်သူများအတွက် နေအိမ်များ ဆောက်လုပ်လှူဒါန်းနိုင်ရန်နှင့် ငလျင်ဘေးသင့်ပြည် သူများအနေဖြင့် ဈေးနှုန်းသင့်တင့်စွာဖြင့် နေအိမ်များ ဆောက်လုပ်နိုင် ရန်အတွက် ငွေကျပ် ၅၉ သိန်း တန်ဖိုးရှိသည့် အလျားပေ ၂၀၊ အနံ ၁၅ ပေ၊ အမြင့် ကိုးပေခွဲရှိ တန်ဖိုးသင့်နေအိမ်များကို ဆောက်လုပ်ပြသ ပေးထားမည်ဖြစ်ကြောင်း သိရသည်။ 
    တန်ဖိုးသင့် နေအိမ်များကို ဆောက်လုပ်လှူဒါန်း ဝယ်ယူလိုပါက ဈေးရောင်းပွဲတော်တွင် ပြသပေးထားသည့် နေအိမ်ဒီဇိုင်းအတိုင်းအလှူရှင် ကိုယ်တိုင် ဖြစ်စေ၊ ခရိုင်သဘာဝဘေး စီမံခန့်ခွဲရေး ကော်မတီကဖြစ်စေ ဆောက်လုပ်ပေးသွားမည်ဖြစ်သည်။ သက်မှူး

Total Views ~ 8

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43789

© 2022 - 2025 News. All Rights Reserved.