၂၀၂၃ စက်တင်ဘာ ၂၅
စစ်တွေမြို့ရှိ ဆိပ်ကမ်းသစ်တွင် ပြည်တွင်းကမ်းရိုးတန်းသင်္ဘောများ စတင်ဆိုက်ကပ်နေပြီဖြစ် ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း(RSCCI)မှ သိရသည်။
အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး ကုလားတန်မြစ်ဘက်စုံ သုံးသယ်ယူပို့ဆောင် ရေးစီမံကိန်း ဆိပ်ခံတံတား (စစ်တွေဆိပ်ကမ်း)၌ ပြည်တွင်းကမ်းရိုးတန်းသင်္ဘောများ စတင် ဆိုက်ကပ်နိုင်ပြီဟူ၍ RSCCI က စက်တင်ဘာလ ၂၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
"စစ်တွေဆိပ်ကမ်းက မိုခါမတိုင်ခင် ၉ ရက်က ဖွင့်ခဲ့တာ။ ဆိုက်ကပ်ဖို့ ခွင့်ပြုထားတာကြာပါပြီ။ ဒါပေမဲ့ မဆိုက် ကပ်သေးတဲ့ အခါကျတော့ စက်တင်ဘာ ၁၈ ရက်ကတော့ သင်္ဘောတစ်စင်း စကပ်ပါတယ်။ အရင်တော့ ကပ်ကြတာတွေက မိုခါမုန်တိုင်းကူညီကယ်ဆယ်ရေး သင်္ဘော တွေ၊ ကူညီကယ်ဆယ်ရေးပစ္စည်း သင်္ဘောတွေ ကပ်ကြပါတယ်။ ဒါပေမဲ့ ပြည်တွင်းရေ ကြောင်း သင်္ဘောကပ်တာကတော့ ၁၈ ရက်ကပါ"ဟု RSCCI မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်တွေဆိပ်ကမ်းသစ်တွင် ပြည်တွင်း ကမ်းရိုးတန်းသင်္ဘောများ ဆိုက်ကပ်၍မရဘဲ နိုင်ငံခြား သင်္ဘောများသာ ဆိုက်ကပ်၍ ရမည်ဟု အများစုလက်ခံထားကြသည့် RSCCI တာဝန်ရှိသူက ပြောသည်။ ထို့ကြောင်း ယင်းဆိပ်ကမ်းသစ် ပြည်တွင်း သင်္ဘောများ ဆိုက်ကပ်၍ရသည့်အကြောင်း သတင်းကောင်း ပါးလို၍ ရခိုင်ပြည်နယ်ကုန် သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း(RSCCI)မှ အသိပေး ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းင်းက ရှင်းပြသည်။