Breaking

စစ်မက်ဖြစ်ပွားရာ အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့်ပတ်သက်၍ အသိပေးကြေညာချက် ထုတ်ပြန်

၂၀၂၃ အောက်တိုဘာ ၉
    အစ္စရေးနိုင်ငံတွင် လတ်တလော  ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေများကြောင့် ယင်းနိုင်ငံ တွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် အရေးတကြီး လိုအပ်ချက်မရှိပါက မိမိတို့ နေအိမ်များတွင် သာနေထိုင်ရန်၊ တိုက်ပွဲအခြေအနေနှင့် ကြုံ တွေ့လာပါက လုံခြုံသည့်နေရာတွင် နေရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် အကူအညီ လိုအပ်လာပါက ဆက်သွယ်ရန် လိပ်စာများသို့ ဆက်သွယ်နိုင်ပါကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အသိပေးကြေညာလိုက်သည်။
    မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာသံရုံးဖုန်း- (972) (3) 5170760 (972) (3) 5163364 Hotline No.  058  7899177/ 0584081347 နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊  ကောင်စစ် ရေးရာဌာန၊ နိုင်ငံသားအကျိုး ဌာနခွဲ၊ နေပြည်တော် Hotline No. (95) 943118450/ (95) 9882264744 သို့ဆက် သွယ်နိုင်ပြီး အစ္စရေးအစိုးရမှ ထုတ်ပြန်သတိ ပေးချက်များအား National Emergency Portal – Home Page တွင် ပုံမှန်စောင့်ကြည့် ကြည့်ရှုဆောင်ရွက်ပါရန် တိုက်တွန်းထားသည်။
    အစ္စရေးနိုင်ငံ တောင်ပိုင်းကို ဟားမက်စ် လက်နက်ကိုင်များက ပြင်းထန်စွာ တိုက်ခိုက်ခဲ့ပြီး နောက် အောက်တိုဘာ ၈ ရက်တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၏ လုံခြုံရေး အစိုးရအဖွဲ့က အစည်းအဝေး ပြုလုပ်ခဲ့ကာ အစ္စရေးနိုင်ငံသည် စစ်ပွဲ‌ဖြစ်ပွားနေကြောင်း ကြေညာခဲ့ သည်။
    ဝန်ကြီးချုပ် နေတန်ယာဟုက စစ်ပွဲဖြစ်ပွားနေကြောင်း ကြေညာခဲ့ပြီး ၎င်း၏ နိုင်ငံတော်လုံခြုံရေး အစိုးရအဖွဲ့ သို့မဟုတ် အမျိုးသားလုံခြုံရေးကော်မတီက စစ်ပွဲဖြစ်ပွားကြောင်း ကြေညာခဲ့သဖြင့် စစ်ရေးအရ အဓိကကျသည့် စီမံလုပ်ဆောင်ချက်များကို တရားဝင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု ကြေညာ ချက်တွင် ဖော်ပြခဲ့သည်။
    ဂါဇာကမ်းမြှောင်ဒေသမှ အစ္စရေးနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် ဟားမက်စ် စစ်သွေးကြွများ၏ တိုက်ခိုက်မှုများကြောင့် နိုင်ငံတစ်ဝန်း သေဆုံးခဲ့သည့် အစ္စရေးနိုင်ငံသားပေါင်း ၆၀၀ ထက်မနည်း ရှိခဲ့သည်ဟု အစ္စရေးမီဒီယာများတွင် ဖော်ပြ ခဲ့သည်။

 

Total Views ~ 172

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43839

© 2022 - 2025 News. All Rights Reserved.