Breaking

စစ်ရေးနှင့်မသက်ဆိုင်သော ပညာရေးဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများကို မဖမ်းဆီးသင့်ကြောင်း ပြည်သူ့စစ်ခေါင်းဆောင်ပြော

၂၀၂၃ နိုဝင်ဘာ ၂၀
    စစ်ရေးနှင့်မသက်ဆိုင်သော ပညာရေးဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူ များကို ဖမ်းဆီးခြင်းက မဖြစ်သင့်ကြောင်း ဒူးလေးပါတီနာယက၊ လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းက ပြောသည်။ 
    "တကယ်တမ်းဆိုရင် ဒါတွေက မဖြစ်သင့်တဲ့ ကိစ္စပါ။ ဘာကြောင့်လဲဆိုတော့ (Geneva Convention) မှာလည်း ပါတယ်။ စစ်သားတွေက စစ်ရေးနဲ့မပတ်သက်တဲ့ ကိစ္စတွေကို ဘယ်လိုရှောင်ရမယ်။ သက်ကြီးရွယ်အိုတွေကို၊ ကလေးသူငယ်တွေကို၊ အမျိုးသမီးတွေကို ဘယ်လိုရှောင်ရမယ်။ အပြစ်မဲ့ ပြည်သူတွေကို ဘယ်လိုကူညီရမလဲ၊ ဘယ်လိုစောင့်ရှောက်ရမလဲ ဆောင်ရန်ရှောင်ရန် တွေက (Geneva Convention) မှာ ပါပြီးဖြစ်သလို စစ်သားတိုင်းလိုက်နာရမယ့် ကိစ္စဖြစ်တယ်။ ဆရာ၊ ဆရာမတွေဆိုတာ နိုင်ငံ့ဝန် ထမ်းတွေပါ။ နားလည်ရမယ်။ လူငယ်တွေ၊ ကလေးငယ်တွေကို ပညာတတ်မြောက် အောင် သင်ပေးနေတဲ့ သူတွေဖြစ်တယ်။ ပညာရေးဝန်ထမ်းတွေနဲ့ ပတ်သက်လို့ ဒါတွေက လုံးဝမဖြစ်သင့်တဲ့ ကိစ္စ။ နောက် ကျန်းမာရေးဝန်ထမ်း ဒါတွေက မဖြစ်သင့်ပါဘူး။ တကယ်တမ်း တိုက်ကြခိုက်ကြတယ်။ ဖမ်းကြတယ်ဆိုတာကတော့ လက်နက်ကိုင် အချင်းချင်းကသာ ပြဿနာမရှိဘူး။ စစ်ရေးနဲ့ မသက်ဆိုင်တဲ့ အရပ်သားတွေကို ပစ်မှတ်ထား လုပ်ဆောင်တာကတော့ မသင့်တော်ဘူး။ အစိုးရရဲ့ တာဝန်ကတော့ နိုင်ငံ့ဝန်ထမ်းတွေ၊ ပြည်သူပြည်သား အားလုံးကို အကာအကွယ်ပေးဖို့ ဖြစ်တယ်။ လုံခြုံရေးအရ လက်နက်နဲ့ အကာအကွယ် ပေးတာရှိသလို၊ ဥပဒေအားဖြင့်လည်း အကာအကွယ်ပေးရ မယ့် တာဝန်ရှိပါတယ်။ အဲဒီတော့ လုံခြုံရေး ဘက်မှာ အားဖြည့်ရမယ်လို့ ကျွန်တော်မြင်ပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေရဲ့ သွားလာနေထိုင်မှုအပေါ်မှာ ဘေးအန္တရာယ်မကျရောက်စေဖို့ လုံခြုံရေး ဆောင်ရွက်မှုပေးရမယ်။ ထို့နည်းတူစွာ နိုင်ငံသူနိုင်ငံသားတွေကိုလည်း အကာအကွယ်ပေးရမယ်။ နိုင်ငံသူနိုင်ငံသား ဆိုတဲ့ နေရာမှာလည်း တကယ့်ကို နိုင်ငံတော် အပေါ် သစ္စာရှိရှိနဲ့နေသောသူများကို ကာ ကွယ်စောင့်ရှောက်ရမှာပါ။ ပြည်သူလို့ ပြောတဲ့နေရာမှာ တချို့ပြည်သူကအထဲမှာ အဖျက်အမှောင့် လုပ်တာတွေရှိတယ်။ ဒါကိုဆိုလိုခြင်း မဟုတ်ဘူး"ဟု ၎င်းက ပြောသည်။ 
    စစ်ရေးပဋိပက္ခ ဖြစ်စဉ်များတွင် ပညာရေး၊ ကျန်းမာရေးအစရှိသည့် ဧရိယာများက ရှောင်ရှားရမည့် နေရာများဖြစ် ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးလှဌေးက ပြောသည်။ 
    "အဓိကတော့ဗျာ။ စစ်ပွဲတစ်ပွဲ ဖြစ်လာပြီဆိုရင် နိုင်ငံတကာပေါ့နော်။ ကမ္ဘာပေါ်မှာကို စစ်နဲ့ပတ်သက်လို့ ရှောင်ရမယ့် ဧရိယာတွေရှိတယ်။ ပညာရေးပါမယ်။ ကျန်း မာရေးပါမယ် စသည်ဖြင့် သတ်မှတ်ထားတဲ့ ဧရိယာတွေရှိတယ်။ ဘယ်သူတွေ ဘယ်လိုပဲ တိုက်တိုက် စစ်ပွဲဖြစ်လာပြီဆိုရင် ဒီဧရိယာ တွေက ရှောင်ကိုရှောင်ရမယ့် ဧရိယာတွေ ဖြစ်တယ်။ လက်ရှိ ကျွန်တော်တို့ဆီမှာ ပြဿနာက ဘာဖြစ်နေလဲဆိုတော့ စစ်ပွဲဖြစ် လာရင် ရှောင်ရမယ့် ဧရိယာတွေကို မရှောင် ဘဲနဲ့ စစ်ပွဲတွေဖြစ်ပြီး တိုက်တာခိုက်တာတွေ ဖြစ်နေတယ်။ ဖြစ်တဲ့အခါကျတော့ အဲဒီ နေရာမှာ ဆုံးရှုံးရတယ်။ ကျောင်းဆရာ ဆရာမတွေ၊ ကျောင်းသားကျောင်းသူတွေ၊ ကျန်းမာရေးဆိုရင်လည်း ဆရာဝန်တွေက အစ အများကြီး ဆုံးရှုံးရတယ်။ ဒါတွေက နိုင်ငံအတွက်၊ တိုင်းပြည်အတွက် ဆုံးရှုံးတာ ပဲ။ ဒီပုဂ္ဂိုလ်တွေက လွယ်လွယ်လေးရတာ မဟုတ်ဘူး။ ပညာတွေ၊ အရင်းအနှီးတွေ အများကြီးနဲ့ ထူထောင်ထားရတာ ဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် စစ်ပွဲတွေ ဖြစ်တယ်ဆိုရင် တော့ အဲဒီလိုဧရိယာတွေမှာတော့ နိုင်ငံတ ကာစည်းမျဉ်းစည်းကမ်းအရ ရှောင်ရှားသင့် တဲ့ဧရိယာတွေ ဖြစ်တယ်။ နိုင်ငံ့ဝန်ထမ်းဆို တာကတော့ လက်ရှိတာဝန်ယူထားတဲ့ အစိုး ရရဲ့ လက်အောက်မှာ ရှိနေတဲ့သူတွေ ဖြစ် တယ်။ လက်ရှိအစိုးရက နိုင်ငံ့ဝန်ထမ်းအား လုံးရဲ့ လုံခြုံမှုစားသောက်နေထိုင်မှု၊ သွားရေး လာရေး တာဝန်ယူရမှာ သူ့ရဲ့တာဝန်ပဲပေါ့။ နိုင်ငံ့ဝန်ထမ်းတွေရဲ့ အသက်ဘေးအန္တရာယ် ကိုလည်း လက်ရှိတာဝန်ယူထားတဲ့ အစိုးရ က ကြပ်ကြပ်မတ်မတ် ကာကွယ်စောင့် ရှောက်ပေးသင့်ပါတယ်"ဟု ၎င်းင်းက ပြော သည်။ 
    ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်း ဖက်အဖွဲ့များသည် စစ်ရေးနှင့်သက်ဆိုင်သော ပစ်မှတ်မဟုတ်သည့် ကယားပြည်နယ်၊ လွိုင်ကော် တက္ကသိုလ်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး  တက္ကသိုလ်အတွင်းသို့ ရောက်ရှိစီးနင်း ပြီးနောက် ပညာရေးဆိုင်ရာ အဆောက်အအုံများအား ဖျက်ဆီးခြင်းများ ပြုလုပ်ကာ တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပါမောက္ခချုပ်အပါ အဝင် ဆရာ၊ ဆရာမများ၊ ပညာရေးဆိုင်ရာ ဝန်ထမ်းများနှင့် ပညာသင်ကြားလျက်ရှိသည့် ကျောင်း သား၊ ကျောင်းသူများအား ဖမ်းဆီးခေါ် ဆောင်သွားကြောင်း သိရသည်။

Total Views ~ 161

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43897

© 2022 - 2025 News. All Rights Reserved.