Breaking

စစ်သည်အင်အား ၇၀၀ ခန့်ပါသည့် တရုတ် ရေတပ်သင်္ဘော ချစ်ကြည်ရေးခရီးစဉ် မြန်မာနိုင်ငံသို့ ရောက်ရှိ

၂၀၂၃ နိုဝင်ဘာ ၂၈
    စစ်သည်အင်အား ၇၀၀ ခန့်ပါသည့် တရုတ်နိုင်ငံ ရေတပ်သင်္ဘော သုံးစင်းသည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၂၇ ရက်က ချစ်ကြည်ရေးခရီးအဖြစ် ရန်ကုန်မြို့သို့ ရောက်ရှိလာကြောင်း သိရသည်။
    ချစ်ကြည်ရေးခရီးအဖြစ် ရန်ကုန် မြို့သို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံစစ် သင်္ဘောများအား တပ်မတော်(ရေ)မှ အဆင့် မြင့်အရာရှိကြီးများ၊ တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းအဖွဲ့များ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ သံရုံးနှင့်စစ်သံရုံးမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြောင်း သိရ သည်။
    အဆိုပါခရီးစဉ်နှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက "တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး အလည်အပတ်ရောက်ရှိနေတဲ့ စစ်သင်္ဘော သုံးစင်းဟာ နိုဝင်ဘာလ ၂၇ ရက် မွန်းလွဲပိုင်းမှာ ရန်ကုန်ကို ရောက်ရှိခဲ့ပါတယ်။ အဲဒီစစ်သင်္ဘော အုပ်စုထဲမှာတော့ ဖျက်သင်္ဘောအမျိုးအစား သင်္ဘောတစ်စင်း၊ ဖရီးဂိတ်အမျိုးအစား သင်္ဘောတစ်စင်းနဲ့ ထောက်ပံ့ပို့ဆောင် ရေးရေယာဉ်တစ်စင်း သုံးစင်းပါခဲ့ပါတယ်။ စစ်သည်အင်အား ၇၀၀ ခန့် ပါရှိကြောင်းလည်း သိရှိရပါတယ်။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဟာ ကျွန်တော်ပြောခဲ့သလိုပဲ၊ မဟာဗျူဟာ မိတ်ဖက်နိုင်ငံတွေ ဖြစ်ပါတယ်။ ဆွေမျိုးပေါက်ဖော်နိုင်ငံများ ဖြစ်ပါတယ်။ ငြိမ်းချစ်စွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်ကို လေးစားလိုက်နာပြီး နှစ်နိုင်ငံအစိုးရနဲ့ တပ်မ တော်နှစ်ရပ်အကြားမှာ ခိုင်မာတဲ့ချစ်ကြည် ရင်းနှီးမှုရှိတဲ့ နိုင်ငံတွေဖြစ်ကြောင်း ပြောကြားလိုပါတယ်"ဟု ပြောကြားသည်။

Total Views ~ 219

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43921

© 2022 - 2025 News. All Rights Reserved.