Breaking

စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်လိုင်းများကို Viber ဖြင့် တိုင်ကြားနိုင်

၂၀၂၃ အောက်တိုဘာ ၃၀
    ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများတွင် စည်းကမ်းဖောက် ဖျက်မောင်း နှင်သည့် ယာဉ်လိုင်းများတွေ့ရှိပါက Viber မှတစ်ဆင့် တိုင်ကြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)၏ ထုတ်ပြန်ချက်အရသိရသည်။
    ရန်ကုန်မြို့တွင်း ခရီးသွားများအနေဖြင့် စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်လိုင်းများကို တိုင်ကြားရန် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ဖုန်းနံ ပါတ်များဖြစ်သည့်  (၀၉-၄၄၈၁၄၇၁၄၉၊ ၀၉-၄၄၈၁၄၇၁၅၃၊ ၀၉-၄၄၈၁၄၇၁၅၄)သို့ ဓာတ်ပုံ/Video မှတ် တမ်းနှင့်တကွ အချိန်၊ နေ့စွဲ၊ မှတ်တိုင်နေရာများဖြင့် ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။
    YBS ယာဉ်လိုင်းများတွင် တစ်စီးနှင့်တစ်စီး ယှဉ်ပြိုင်ကျော်တက် မောင်းနှင်ခြင်း၊ မဆင်မခြင် အရှိန်ပြင်းမောင်းနှင်ခြင်း၊ မီးနီဖြတ်မောင်းနှင်ခြင်းနှင့် ကားဘေးတံခါးဖွင့် မောင်းနှင်ခြင်းတို့ကဲ့သို့ စည်း ကမ်းဖောက် ဖျက်မောင်းနှင်မှုများတွေ့ရှိပါက မည်သူမဆို Viber ဖြင့် ဆက်သွယ်တိုင်ကြားနိုင်ကြောင်း YRTC ၏ ထုတ်ပြန်ချက်အရ သိရသည်။
    YBS စနစ်၏ အဓိကမောင်းနှင် အားဖြစ်သည့် ယာဉ်မောင်းကြီးများအနက် စည်းကမ်း ဖောက်ဖျက်သည့် ယာဉ်မောင်းများမှာ မီးနီဖြတ်သန်း မောင်းနှင်သူများဖြစ်ပြီး ယာဉ်စည်းကမ်းတွင် အမြင့်ဆုံး ပြစ်ဒဏ်ချ မှတ်နိုင်ကြောင်း၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်အထိ မီးနီဖြတ်မောင်းသည့် ပြစ်မှုကို ကျူးလွန်ခဲ့ပါကYBS ယာဉ်လိုင်းကုမ္ပဏီမှ YRTC နှင့်ပူးပေါင်း၍ ချက်ချင်းရာသက်ပန် ထုတ်ပယ်သည်အထိ အရေးယူဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ မီးဝါသည်နှင့် တစ်ပြိုင်နက် အတင်းဖြတ် မောင်းခြင်းမပြုဘဲ ယာဉ်အရှိန်လျှော့ကြရမည်ဖြစ်ကြောင်း၊ ခရီးသည်များ ဘေးကင်းလုံခြုံရေးအတွက် ယာဉ်တိုက်မှုမဖြစ်ရအောင် ရန် ကုန်တိုင်းအစိုးရ၏ လမ်းညွှန်ချက်ဖြင့် CCTV များ Telematics စက်များ တပ်ဆင်၍ မှတ်တမ်းရယူ ဖမ်းဆီးအရေးယူနေရခြင်း ဖြစ်ပါကြောင်း၊ ယာဉ်မောင်းများ၏ မဆင မခြင် မောင်းနှင်မှု၊ တစ်စီးနှင့်တစ်စီးယှဉ်ပြိုင် မောင်းနှင်မှုများ၊ မီးနီဖြတ်သန်း မောင်းနှင်မှုများကို Traffic Control Center မှအချိန်နှင့် တစ်ပြေးညီစောင့်ကြပ်၍ Video မှတ်တမ်းရ ယူထား၍ အရေးယူခြင်းဖြစ်ကြောင် YRTC မှ သိရသည်။

Total Views ~ 194

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43873

© 2022 - 2025 News. All Rights Reserved.