စသုံးလုံညွှန်ချုပ်နေရာ ကာကွယ်ရေးဝန်ကြီးဌာနက ဦးအောင်ဇော်လင်းကို အစားထိုးခန့်အပ်

၂၀၂၃ စက်တင်ဘာ ၇

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်နေရာ အပြောင်းအလဲပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနက ဦးအောင်ဇော်လင်းကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စသုံးလုံး) ညွှန်ကြားရေးမှူးချုပ်အဖြစ် အစမ်းခန့်အပ်လိုက်ကြောင်း ယနေ့ထုတ်သတင်းစာမှာ ဖော်ပြထားပါတယ်။

စသုံးလုံး ညွှန်ကြားရေးမှူးချုပ်အဖြစ် ဦးမောင်မောင်ကျော်အား ခန့်အပ်ထားတာဖြစ်ပြီး ယခုအခါ ၎င်းကို ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် ပြောင်းရွှေ့ခန့်ထားလိုက်တယ်လို့ ဆိုပါတယ်။

ပြောင်းရွှေ့ခံရတဲ့ ဦးမောင်မောင်ကျော်သည် စစ်တက္ကသိုလ်အပတ်စဉ် (၂၅)ဆင်းဖြစ်ပြီး စသုံးလုံးမှာ ဆယ်စုနှစ်တစ်ခုကျော် တာဝန်ထမ်းဆောင်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားတာဖြစ်ပါတယ်။

Total Views ~ 213

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43800

© 2022 - 2025 News. All Rights Reserved.