၂၀၂၂ ၊ ဒီဇင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြိုနယ်၊ ကြက်ဖြူတောင်ကျေးရွာမှ ရွာသစ်ကြီးကျေးရွာကြားတွင် ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်တွင် ဆိုင်ကယ်စီးလာသည့် လင်မယားနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။
စဥ့်ကူးမြိုနယ်၊ ရွာသစ်ကြီးကျေးရွာနေ ဦးမောင်ကျော်(ခ)ဦးကျော်စိုးဝင်း (၄၅) နှစ်နှင့် ၎င်း၏ဇနီး ဒေါ်ခင်မာဝင်း (၅၂) နှစ်တိုသည် ကြက်ဖြူတောင်ကျေးရွာမှ ရွာသစ်ကြီးကျေးရွာသို ဆိုင်ကယ်တစ်စီးဖြင့် ပြန်လာစဉ် ကျေးရွာ ၂ ရွာကြားအရောက်၌ ၎င်းတို၏အနောက်မှ ဆိုင်ကယ်တစ်စီးဖြင့် လိုက်ပါလာသည့် အမျိုးသား ၂ ဦးက သေ နတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် ဦးမောင်ကျော်(ခ)ဦးကျော်စိုးဝင်းတွင် ဝမ်းဗိုက်နှင့် ဦးခေါင်းတို၌ ကျည်ထိမှန်ဒဏ်ရာ ၂ ချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ဒေါ်ခင်မာဝင်းတွင် ဆိုင်ကယ်လဲကျတိမ်း မှောက်ခဲ့မှုကြောင့် ယာလက်ကောက်ဝတ် ပွန်းပဲ့ဒဏ်ရာတစ်ချက်ရရှိခဲ့သဖြင့် စဥ့်ကူးမြိုနယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။