စားအုန်းဆီ ဈေးကစားရန်သိုလှောင်ပါက အရေးကြီး ကုန်စည်ဥပဒေအရ အရေးယူမည်

၂၀၂၃ စက်တင်ဘာ ၁၂
    စားအုန်းဆီကိုပြည်တွင်းဈေး ကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့်သို လှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှု များပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီး ဌာနမှ အသိပေး ထုတ်ပြန်ထားသည်။
    စက်တင်ဘာလ ၁၁ ရက်တွင် စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူး ခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေ ဖြင့် ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ် မှုများအရ စက်တင်ဘာ ၁၁ ရက်မှ စက်တင် ဘာ ၁၇ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စား အုန်းဆီ တစ်ပိဿာလျှင် ၄ç၅၂၄ ကျပ် ဖြစ် ကြောင်းထုတ်ပြန်ကြေညာထားကာ အထက်ပါအတိုင်း အသိပေးထားသည်။
    သြဂုတ် ၃၀ ရက်က ပြည်တွင်း စားသုံးဆီဈေးနှုန်း တည်ငြိမ်ကျဆင်းစေရေး ညှိနှိုင်းအစည်းအဝေးတွင် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက နိုင်ငံတော်အနေဖြင့် စားအုန်းဆီကို ပြည်သူများ ဈေးနှုန်းသက်သာ စွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် စားသုံးဆီ တင်သွင်းရာတွင် ဝယ်ယူကုန်ကျသည့် နိုင်ငံ ခြားငွေ၏ ရာခိုင်နှုန်း ၅၀ ကို ဗဟိုဘဏ်ရည် ညွှန်းငွေလဲလှယ်နှုန်းဖြင့်လည်းကောင်း၊ ကျန် ရာခိုင်နှုန်း ၅၀ ကို ပြင်ပဈေးထက်သက် သာသည့် နိုင်ငံခြားငွေလဲလှယ်မှုနှုန်းထား ဖြင့်လည်းကောင်း ပံ့ပိုး ဆောင်ရွက်ပေးထား ပါကြောင်း၊ ၎င်းင်းအပြင် ဝယ်ယူတင်သွင်းသူ များ ငွေကြေးအခက်အခဲ မပေါ်ပေါက်စေရေးအတွက် ဗဟိုဘဏ်မှ သီးခြားအစီအစဉ်ဖြင့်လည်း ထောက်ကူပေးထားပါကြောင်း၊ ဖြစ်သင့်ဖြစ်ထိုက်သည့် စားအုန်းဆီအခြေခံ ရည်ညွှန်းဈေးကိုလည်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အပတ် စဉ်ပုံမှန်တွက်ချက် ထုတ်ပြန်ပေးလျက်ရှိပါ ကြောင်း၊ သို့ရာတွင် စားသုံးသူဈေးကွက်တွင် စားအုန်းဆီဈေးနှုန်းများမှာ ဖြစ်သင့်ဖြစ် ထိုက်သည်ထက် များစွာမြင့်တက်နေပြီး နိုင် ငံတော်အကြီးအကဲ၏ စေတနာဖြင့် ဆောင်ရွက်ပေးသည့် အစီအစဉ်ကို စားသုံးသူပြည် သူများ ခံစားရခြင်းမရှိသည်ကို တွေ့ရှိရပါကြောင်း၊ စားအုန်းဆီဈေးများမြင့်တက်နေမှု နှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးအနေ ဖြင့် ဇူလိုင်လ ၁ ရက်က ရန်ကုန်မြို့တွင် လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ၍ ဖြစ် သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်း ချရေး သတိပေးပြောကြားခဲ့ပြီး ဖြစ်ပါ ကြောင်းပြောကြားခဲ့သည်။
    ထို့အပြင် လုပ်ငန်းရှင်များအနေ ဖြင့် မိမိအကျိုးအမြတ်ရရှိမှု တစ်ခုတည်းကိုသာ ဦးမတည်ဘဲ စားသုံးသူများ သက်သာ ချောင်ချိစွာ စားသုံးနိုင်ရေးအတွက် ဦးစားပေးစဉ်းစားရန်လိုအပ်ပါကြောင်း၊  စားအုန်း ဆီဈေးနှုန်းများ သိသာစွာကျဆင်းစေ‌ရေး ဆောင်ရွက်မည် ဖြစ်၍ ပူးပေါင်းပါဝင်ကြရန် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း စားသုံးဆီဖြန့်ဖြူးမှုနှင့် ပတ်သက်၍ လိုအပ်သည့် အစီအမံများချမှတ်ကာ ကြပ်မတ်သွား မည်ဖြစ်သည့်အတွက် ပူးပေါင်း ဆောင်ရွက် ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။ 

Total Views ~ 331

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43795

© 2022 - 2025 News. All Rights Reserved.