စီးပွားရေး လုပ်ငန်းရှင်များ အိမ်ခြံမြေဈေး ကွက်တွင် ရင်းနှီးမြှုပ်နှံမှု ပိုမိုများပြားလာ

၂၀၂၃ စက်တင်ဘာ ၁၂
    ပြည်တွင်းအိမ်ခြံမြေဈေးကွက်သည် ရင်းနှီးမြှုပ်နှံမှုများလာခြင်းမှာ စီးပွား ရေး လုပ်ငန်းရှင်များက ဈေးကောင်းသည့် အိမ်ခြံမြေအား ရင်းနှီးမြှုပ်နှံကြသည့်အတွက် ဖြစ်ကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း(ဗဟို)မှ ဥက္ကဋ္ဌဒေါ်မို့မို့ အောင်က ပြောကြားခဲ့သည်။
    ]]အိမ်ခြံမြေဈေးကွက်ရင်းနှီးမြှုပ် နှံမှုများလာတာ လူတွေက ထုံးစံအတိုင်း ဘာဈေးကောင်းလဲ၊ ဈေးကောင်းတဲ့အပေါ် မှာ လာပြီးတော့ ရင်းနှီးမြှုပ်နှံကြတာပါ။ အမှန်အတိုင်းပြောရရင် စီးပွားရေးမှာ ဘာကောင်းလဲ၊ ကောင်းတဲ့နေရာမှာ လိုက်ပြီးတော့ ရင်းနှီးမြှုပ်နှံကြတယ်။ လက်ရှိအခြေအနေက အားလုံးထဲမှာတော့ အိမ်ခြံမြေ ဈေးကွက်က အကောင်းဆုံးပေါ့ဟု ၎င်းင်းက ဆက်လက်ပြောကြားခဲ့သည်။
    စီးပွားရေးမြို့တော်ဖြစ်သည့် ရန် ကုန်မြို့တွင် ယခုနှစ်အတွင်း အိမ်ခြံမြေဈေး နှုန်းများ သိသိသာသာမြင့် တက်လာနေသည့် အတွက် မြို့ပြနှင့်နီးကပ်သည့် မြို့နယ်များ တွင် ကျပ်သိန်း ၃၀၀ အောက် တိုက်ခန်းနှင့် မြေကွက်များ ရှားပါးလာကြောင်း အိမ်ခြံ မြေအကျိုးဆောင်များထံမှ သိရသည်။
    ]]တကယ်တမ်းမြေကွက်ဝယ်ရင် ပါမစ်မြေတွေဆိုပေမယ့်လည်း စစ်ဆေးရပါ မယ်။ မှန်ကန်တဲ့ပါမစ်မြေဖြစ်ဖို့၊ ဂရန်မြေ ဆိုလည်း စစ်ဆေးပါ။ ပြီးရင် နိုင်ငံတော်ကို အခွန်ဆောင်ပြီးတော့ နာမည်ပြောင်းပါ။ စည်ပင်မှာလည်း နာမည်ပြောင်းပါလို့မှာချင် ပါတယ်။ ဒါမှ ခိုင်မာမှုရှိမှာပါ။ ပါဝါတွေယူ ထားပြီး သေဆုံးသွားတဲ့အခါမှာ လုပ်ကိုင်ရ တာ အခက်အခဲတာတွေရှိပါတယ်ဟု ၎င်းင်း က ဆက်လက်ပြောကြားခဲ့သည်။
    တိုက်ခန်းဈေးနှုန်းများမှာ စက် တင်ဘာ ပထမပတ်ဈေးနှုန်းများအရ မရမ်းကုန်း၊ အလုံ၊ ပုဇွန်တောင်၊ တာမွေ၊ ကျောက်တံတား၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ လှိုင်၊ သာကေတ၊ မြောက်ဒဂုံ၊ သင်္ဃန်း ကျွန်း၊ ဒဂုံဆိပ်ကမ်း စသည့်မြို့နယ်များရှိ အလွှာမြင့်တိုက်ခန်းများမှာမူ ကျပ်သိန်း ၄၀၀ အထက်မှ စတင်ကာ ဈေးပေါက်နေ ကြောင်း သိရသည်။ 
    ရန်ကုန်မြို့ပြနှင့်နီးကပ်သည့် မြို့ နယ်များတွင် တိုက်ခန်းဈေးများ မြင့်တက်နေ ပြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံ မြို့သစ် ဆိပ်ကမ်းမြို့နယ်များတွင်မူ မြေ ကွက်များ သိသိသာသာ အဝယ်လိုက်နေပြီး ကျပ်သိန်း သောင်းဂဏန်းအထက် မြေကွက်များ အရောင်းအဝယ် ဖြစ်ထွန်းနေကြောင်း၊ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ် ငှားရမ်းခနှုန်းထားများပါ မြင့်တက်လာပြီး လူနေထူထပ်သည့် မြို့နယ်များဖြစ်သည့် လှည်းတန်း၊ စမ်းချောင်း၊ ပန်းဘဲတန်း၊ လ သာ၊ သင်္ဃန်းကျွန်းမြို့နယ်များတွင် လတ်တ လောအိမ်ငှားရမ်းမှုများ ပိုမိုများပြားလာကာ အိမ်ပိုင်ရှင်များမှ အိမ်ငှားရမ်းခ နှုန်းထားများ ကို တိုးမြှင့်ကောက်ခံလာကြောင်း သိရ သည်။
    ဗဟန်း၊ ပုဇွန်တောင်၊ စမ်းချောင်း၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ တောင်ဥက္ကလာပ၊ ဒေါပုံ၊ သာကေတ၊ မရမ်းကုန်း၊ မြောက်ဒဂုံ၊ သင်္ဃန်းကျွန်း စသည့်မြို့နယ်များ၏ မြေညီ ထပ်တိုက်ခန်းဈေးသည် အကျယ်အဝန်းအ ပေါ်မူတည်ပြီး ကျပ်သိန်းတစ်ထောင်အထက်မှစတင်ကာ သိန်းငါးထောင် ဝန်းကျင် ထိ ဈေးမြင့်တက်လျက်ရှိကြောင်း၊ ယခင်က အထပ်မြင့်အိမ်ငှားရမ်းခသည် တစ်လငှား ရမ်းခ ကျပ်တစ်သိန်းခွဲမှ နှစ်သိန်းဝန်းကျင် သာရှိသော်လည်း လက်ရှိတွင် ကျပ်သုံးသိန်း မှ ငါးသိန်းဝန်းကျင်ထိ ဈေးမြင့်တက်လျက် ရှိကြောင်း သိရသည်။

Total Views ~ 195

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43795

© 2022 - 2025 News. All Rights Reserved.