Breaking

စီးပွားရေးနှင့် သတင်းအချက်အလက် နည်းပညာ ပရိုဂရမ်နှစ်မျိုးအတွက် ပညာသင်ဆုများ လျှောက်ထားနိုင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆
    စင်ကာပူနိုင်ငံရှိ အထင်ကရ ပုဂ္ဂလိကတက္ကသိုလ် Singapore Institute Management (SIMGE) ၏ စီးပွားရေးနှင့် သတင်းအချက်အလက် နည်းပညာပရိုဂရမ် (Business နှင့် IT Foundation Program-me)များအတွက် ပညာသင်ဆု လျှောက်ထားနိုင်ကြောင်း ဖေဖော်ဝါရီ ၂၂ ရက်တွင် ရန်ကုန်မြို့ ကမာ ရွတ်မြို့နယ်ရှိ Rvi Global Education Campus တွင် ကျင်းပခဲ့သည့် စီးပွားရေးနှင့် သတင်းအချက်အလက် နည်း ပညာပရိုဂရမ် မိတ်ဆက်ပွဲ အခမ်းအနားမှ သိရသည်။
    ပညာသင်ဆုစာမေးပွဲအား မတ်လ ၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ပညာသင်ဆု ရရှိပါက ကုန်ကျစရိတ် လျှော့ချနိုင်မည်ဖြစ် ကြောင်း၊ အဆိုပါ SIMGE ၏ ဒီပလိုမာ ပရိုဂရမ်များအား ၂၀၂၄ ခုနှစ် RVI INSTITUTE & Management Foundation Studies Programme (MFS) Information Tech-nologyFoundation Studies Programme (ITFS)  အား ၂၀၂၄ ခုနှစ် ဧပြီလ စာသင်နှစ်တွင် ထပ်မံ၍ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။
    အဆိုပါ ဝင်ခွင့်လိုအပ်ချက် IGCSE အား သုံးဘာသာ Grade (C)နှင့် အထက်အောင်မြင်ထားသူများ၊ တက္ကသိုလ် ဝင်တန်းစာမေးပွဲတွင် ငါးဘာသာပေါင်း ရာခိုင်နှုန်း ၆၀ နှင့်အထက် အောင်မြင်ထားသူများ၊ တက္ကသိုလ်တက်ရောက်ဆဲ ကျောင်း သားကျောင်းသူများ၊ GED အား အမှတ်ပေါင်း ၄၈၀ နှင့်အထက် အောင်မြင်ထားသူများ၊ Business နှင့် IT/Computer Scie-nce ဘာသာရပ်ကို စိတ်ဝင်စားသူများ အတွက် အကောင်းဆုံး ရွေးချယ်နိုင်သည့် သင်တန်းတစ်ခု ဖြစ်ကြောင်း၊ ဘာသာစကား လိုအပ်ချက်အ နေဖြင့် IGCSE တွင် English as a First Language အား Grade(C)  နှင့်အထက်(သို့မဟုတ်) English as a second Language အား Grade(B) နှင့်အထက် ရရှိထားရပါမည်။ မြန်မာအထက်တန်းကျောင်း အောင်မြင်ထားသူများနှင့် GED အောင်မြင်ထားသူများမှာ IELTS overall band scores (5.5) နှင့်အထက်(သို့မဟုတ်) Duolingo (၉၀) နှင့် အထက်ရရှိထားရပါမည် ဖြစ်ကြောင်း၊ IELTS နှင့် Duolingo မဖြေဆိုလိုပါက SIM ၏ English Proficiency Test အား ဖြေဆိုနိုင်ရမည်ဖြစ်ကြောင်း သိရသည်။
    အဆိုပါ ပရိုဂရမ်အားတက် ရောက်လိုသူများအတွက် အထူးအစီအစဉ်အနေဖြင့် Programme နှစ်ခုလုံးအတွက် ဖေဖော်ဝါရီလအတွင်း ကျောင်းအပ်နှံသူများကို မြန်မာကျပ်ငွေ ၁၀ သိန်းကို Early Bird Discount အဖြစ် ပေးအပ်သွားမည် ဖြစ်ကြောင်း၊ ကျောင်းသူ၊ ကျောင်းသားများ မိမိ၏ ပညာအ ရည်ချင်းစာရွက်စာတမ်းများကို ယူဆောင်လာပြီး ပညာသင်ဆုစာမေးပွဲကို ထပ်မံဖြေဆိုခြင်းဖြင့် ပညာသင်ဆုများကို ထပ်မံရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Total Views ~ 223

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43963

© 2022 - 2025 News. All Rights Reserved.