Breaking

ဆန်စပါးသိုလှောင်ရုံ ၁၇၀ ကျော် (Mya-nmar Rice Online - MyRO) စနစ်တွင် မှတ်ပုံတင်ပြီးစီးထား

၂၀၂၄ ဇန်နဝါရီ ၁၆
    ဆန်တန်ချိန် ၅၀ (သို့မဟုတ်) စပါးတင်း ၅၀၀၀ နှင့်အထက် သိုလှောင်ထား ရှိမှုများကို မြန်မာဆန်စပါးအွန်လိုင်း (Mya-nmar Rice Online - MyRO) စနစ်တွင် မှတ်ပုံတင်ရန် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၄  ရက်မှ စတင်အသိပေးကြေညာထားပြီး ၂၀၂၃ ဒီဇင်ဘာလ ၃၁ ရက်ထိ စုစုပေါင်း သိုလှောင်ရုံ ၁၇၀ ကျော် မှတ်ပုံတင်ထားကြောင်း သိရသည်။
    ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်ထိ ရန်ကုန်တိုင်းဒေသကြီးမှ သိုလှောင်ရုံ ၈၇ လုံး၊ ဧရာဝတီတိုင်း ဒေသကြီးမှ သို လှောင်ရုံ ၅၂ လုံး၊ ပဲခူးတိုင်းဒေသကြီးမှ သိုလှောင်ရုံ ၁၀ လုံး၊ မန္တလေး တိုင်းဒေသကြီးမှ သိုလှောင်ရုံ လေးလုံး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ သိုလှောင်ရုံတစ်လုံး၊ နေပြည်တော် ကောင်စီနယ်မြေမှ သိုလှောင်ရုံ ၁၉ လုံး၊ ရခိုင်ပြည်နယ်မှ သိုလှောင်ရုံတစ်လုံး စုစု ပေါင်း သိုလှောင်ရုံ ၁၇၄ လုံးအား မှတ်ပုံ တင် ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
    ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်စေရေး၊ ပြည်ပသို့ ဆန်တင်ပို့မှု စနစ်တကျ သတ်မှတ် ဆောင်ရွက်နိုင်ရေးတို့အား ရည်ရွယ်လျက် ဆန်စပါးကဏ္ဍတွင် ပုံမှန်လုပ်ငန်း လုပ်ကိုင်နေသူများအား ဝန်ထုပ်ဝန်ပိုးနှင့် ထိခိုက်မှုမရှိစေရေးအတွက် လည်းကောင်း၊ ဈေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့် သမား ရိုးကျရောင်းဝယ်ခြင်း မဟုတ်သည့် လုပ်ငန်းများကို ထိန်းကျောင်းနိုင်ရေးအတွက်လည်း ကောင်း၊ ဈေးဝယ်အရောင်းစင်တာ(Super-market)များနှင့် လက်လီလက်ကား ဆန်ဆိုင်များတွင် ခင်းကျင်း ရောင်းချမှုများအတွက် သိုလှောင်မှုများကို စနစ်တကျရှိစေရန် အတွက်လည်းကောင်း၊ စီးပွားဖြစ်ရောင်း ဝယ်ရန်အတွက် မြန်မာ့ဆန်စပါးအွန်လိုင်း (My-anmar Rice Online - MyRO) စနစ်တွင် မှတ်ပုံတင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။
    မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ညီနောင်ဆန်စပါး အသင်းအဖွဲ့များ၏ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် အသင်းခွဲများ၊ ဒေသကော်မတီများ၊ ကုန်စည်ဒိုင်များအနေဖြင့်  အသင်းဝင်များ၏ ဆန်စပါးသိုလှောင်မှု မှတ်ပုံတင်ခြင်းလုပ်ငန်းကို အချိန်မီဆောင်ရွက်နိုင်ရေး စီစဉ်ညှိနှိုင်း ဆောင်ရွက်ပေးရန် အသိပေးထားသည်။
    ထို့အပြင် ကုမ္ပဏီများ၊ တစ်သီးပုဂ္ဂလ လုပ်ငန်းရှင်များ အနေဖြင့်လည်း သတ်မှတ်ချက်များနှင့် အညီ MyRO တွင် မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်ရန် လည်းကောင်း၊ ဈေးဝယ်အရောင်းစင်တာ (Super-market) များအနေဖြင့်လည်း မိမိတို့၏ စင်တာများတွင် ခင်းကျင်းပြသရောင်းချသော ဆန်အိတ်များ သိုလှောင်သည့် သိုလှောင်ရုံ များ မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း သိရသည္ခ်။

Total Views ~ 196

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43955

© 2022 - 2025 News. All Rights Reserved.