ဆားလင်းကြီးမြိုနယ်၌ အကြမ်းဖက်အုပ်စု PDF အဖွဲက အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာ သင်တန်းကျောင်းအတွင်းမှ ပစ္စည်းများအား ယူဆောင်သွား

၂၀၂၃၊ဇန်နဝါရီ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြိုနယ်၊(၁)ရပ်ကွက် မြေဇွန်ရပ် ဆားလင်းကြီး-ကျားတက်၊ ပုသိမ်-မုံရွာကားလမ်းဆုံအနီး အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ညစောင့်ဝန်ထမ်းက ဇန်နဝါရီ၂ရက် ညနေပိုင်းတွင်ကျောင်းတံခါးများ ပွင့်နေ၍ ကျောင်းအတွင်း ဝင်ရောက်စစ်ဆေးရာ UPJUKI မော်တာစက်ခေါင်း ၅ လုံး၊ Flyingman ရိုးရိုးအပ်ချုပ် စက်ခေါင်း ၈၃ လုံး၊ မော်တာအပ်ချုပ်စက်မှ မော်တာလုံး ၂၀ လုံး၊ 5KVA မီးစက် ၁ လုံး၊ Brother ဓါးစက် ၄ လုံး၊ ဘိတင်စက် ၃ လုံး၊ သိုးမွှေးချီယက်စက် ၃ လုံး၊ ဘက်စုံသုံးအားကစားပစ္စည်း ၁၀ မျိုး၊ သင်တန်းသုံးပစ္စည်းမျိုးစုံထည့်ထားသော သံသေတ္တာ ၁ လုံး၊ စားရိပ်သာသုံးပစ္စည်း ၂၆ မျိုး၊ ကွန်ပျူတာပန်းထိုးစက် ၁ လုံး၊ ရေမော်တာ ၂ လုံး၊ SONY အသံချဲ့စက် ၁ လုံး၊ ဆောင်းဘောက် ၁ စုံ၊ ၂၁ လက်မ TV ၂ လုံး၊ DVD စက် ၂ လုံး၊ MI.5 KTV စက် ၁ စုံ၊ ပန်ကာ ၉ လုံး၊ ကင်မရာ ၁ လုံး၊ MAKLEC မြက်ဖြတ်စက် ၁ လုံး၊ ကျွန်းဆက်တီ ၁ စုံ၊ SKYNET DTH စက် ၁ လုံး ဌာနပိုင် Wave -110 ဆိုင်ကယ် ၁ စီး(စုစုပေါင်းတန်ဖိုး ၂၈,၀၉၀,၀၀၀ ကျပ်ခန့်)တို ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။

အနီးဝန်းကျင်အား စုံစမ်းရာဇန်နဝါရီ ၁ရက် ညပိုင်းတွင် အကြမ်းဖက်အုပ်စု PDF အင်အား ၇၀ ဦးခန့်သည်ကျောင်း၏အနောက်မြောက်ဂိတ်တံခါးမှ သော့များအား ဖျက်ဆီး၍ ကျောင်းအတွင်း ဝင်ရောက်ပြီး အဆိုပါပစ္စည်းများအား ယူဆောင်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။   ပစ္စည်းယူဆောင်သွားသူများအား ဖမ်းဆီးရမိရေးစုံစမ်း လျက်ရှိကြောင်း သိရသည်။

Total Views ~ 191

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43055

© 2022 - 2025 News. All Rights Reserved.