ဆိပ်ကြီးခနောင်တို တံတားတည်ဆောက်ရေး စီမံကိန်းတစ်ခုလုံး ၂၀ ရာခိုင်နှုန်းပြီးစီးနေ

ရန်ကုန်၊ မေ ၅

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်နှင့်ဆိပ်ကြီးခနောင်တိုမြို့နယ်တို့ကို ဆက်သွယ်သည့် ဒလ-ဆိပ်ကြီးခနောင်တိုတံ တားစီမံ ကိန်း မှာ စီမံကိန်းတစ်ခုလုံး၏ ၂၀ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ သိရသည်။ ဆိပ်ကြီးခနောင်တိုတံတားစီမံကိန်းမှာ တံတား အရှည်မီတာ ၇၄၀ ရှိမည်ဖြစ်ပြီးနှစ်လမ်းသွားသံမဏိသံပေါင် ခုံးတံတားဖြစ်ကာ ယာဉ်သွားလမ်းအကျယ် ၂၈ ပေ၊ ရေလမ်းကင်းလွတ်အမြင့် ၄၉ ပေ (၁၅ မီတာ) နှင့်အကျယ် ၄၅၉ ပေ (မီတာ ၁၄၀) ရှိကြောင်း သိရသည်။ တံတားခံနိုင်ဝန် ခွင့်ပြုယာဉ် အလေးချိန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ပြီး ပင်မတံတားခန်းဖွင့်အနေဖြင့် ခန်းဖွင့် အ ကျယ် မီတာ ၁၆၀ ရှိသည့် သံမဏိသံပေါင်ခုံးတံတား တစ်ခန်းနှင့် ခန်းဖွင့်အကျယ် ၄၅ မီတာစီရှိသည့် Steel BoxGirder နှစ်ခန်း၊ ဆိပ်ကြီးခနောင်တိုဘက်ကမ်း၌ ချဉ်းကပ်တံတားခန်းဖွင့် အကျယ်မီတာ ၃၀ ရှစ်ခန်းနှင့် ခန်းဖွင့် အကျယ်မီတာ ၂၀ တစ်ခန်း၊ ဒလဘက်ကမ်း၌ချဉ်းကပ်တံတားခန်းဖွင့် အကျယ် မီတာ၃၀ ခုနစ်ခန်းနှင့် အကျယ် မီတာ ၂၀တစ်ခန်းစီတို့ဖြင့် ဖွဲ့စည်းတည် ဆောက်မည်ဖြစ်ကြောင်း သိရသည်။ ဆိပ်ကြီးခနောင်တိုတံတားစီမံကိန်းမှာ တံတား အရှည်မီတာ ၇၄၀ ရှိမည်ဖြစ်ပြီးနှစ်လမ်းသွားသံမဏိသံပေါင် ခုံးတံတားဖြစ်ကာ ယာဉ်သွားလမ်းအကျယ် ၂၈ ပေ၊ ရေလမ်းကင်းလွတ်အမြင့် ၄၉ ပေ (၁၅ မီတာ) နှင့်အကျယ် ၄၅၉ ပေ (မီတာ ၁၄၀) ရှိကြောင်း သိရသည်။ တံတားခံနိုင်ဝန် ခွင့်ပြုယာဉ် အလေးချိန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ပြီး ပင်မတံတားခန်းဖွင့်အနေဖြင့် ခန်းဖွင့် အကျယ် မီတာ ၁၆၀ ရှိသည့် သံမဏိသံပေါင်ခုံးတံတား တစ်ခန်းနှင့် ခန်းဖွင့်အကျယ် ၄၅ မီတာစီရှိသည့် Steel BoxGirder နှစ်ခန်း၊ ဆိပ်ကြီးခနောင်တိုဘက်ကမ်း၌ ချဉ်းကပ်တံတားခန်းဖွင့် အကျယ်မီတာ ၃၀ ရှစ်ခန်းနှင့် ခန်းဖွင့် အကျယ်မီတာ ၂၀ တစ်ခန်း၊ ဒလဘက်ကမ်း၌ချဉ်းကပ်တံတားခန်းဖွင့် အကျယ် မီတာ၃၀ ခုနစ်ခန်းနှင့် အကျယ် မီတာ ၂၀တစ်ခန်းစီတို့ဖြင့် ဖွဲ့စည်းတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။ ယင်းတံတား၏ တံတားအောက်ခံအုတ်မြစ်များကို သံကူကွန်ကရစ်ဘိုးပိုင်များဖြင့်တည်ဆောက်ထားကာ အပေါ်ထည်ပင်မတံ တားမှာ သံမဏိ သံပေါင်ခုံးတံတားနှင့်Steel Box Girder ဖြစ်၍ ချဉ်းကပ်တံတားများကို PC Girder များဖြင့် တည်ဆောက် သွားမည်ဖြစ်ပြီး ယခုအ ခါ ဒလမြို့နယ်ဘက်ခြမ်းရှိ Pierတိုင်တည်ဆောက်ခြင်းလုပ်ငန်းများ ၉၀ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး နေပြီဖြစ်သကဲ့သို့ ဆိပ်ကြီးခနောင်တိုဘက်ခြမ်းရှိဖောင်ဒေးရှင်းလုပ်ငန်းများ ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကာ တံတားတစ်စင်းလုံး တည် ဆောက်ပြီးစီးမှု ၂၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ယင်းဌာနမှ သိရသည်။

Total Views ~ 240

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43376

© 2022 - 2025 News. All Rights Reserved.