ရန်ကုန် ၊ မေ ၅
ဆိုလာနှင့်ဆက်စပ်ပစ္စည်း(၆)မျိုးအား အကောက်ခွန်ကင်းလွတ်ခွင့်ပြုခြင်းကြောင်းစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ နိုင်ငံတော်၏အကျိုးငှာ ပြည်တွင်းလျှပ်စစ် ဓာတ်အားလုံလောက်စွာ ရရှိရေးအတွက် အောက်ဖေါ်ပြပါ ဆိုလာနှင့်ဆက်စပ်ပစ္စည်းများအားပြည်ပမှတင်သွင်းမှုအပေါ် ၂၀၂၃ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ အကောက်ခွန်ကင်းလွတ်ခွင့်ပြုကြောင်း ၀န်ကြီးဌာနက အသိပေးကြေညာခဲ့ခြင်း ဖြစ်သည်။ အကောက်ခွန်ကင်းလွတ်ခွင့်ပြုလိုက်သည့် ဆိုလာနှင့် ဆက်စပ်ပစ္စည်း (၆) မျိူးမှာ
(၁) နေရောင်ခြည်စွမ်းအင်များ ထုတ်လုပ်ပေးနိုင်သည့် အချပ်များ PV Module / SolarModule/ PV Panel/ Solar Panel/ Solar Panel 92 Watt CIGS (Copper Indium Gallium Selenide)
(၂) နေရောင်ခြည်စွမ်းအင်သုံး ပေါင်းစပ်ထိန်းချုပ် ကိရိယာPV/ Solar (Hybrid/Smart Array) Controller, Charge Controller for PV/Solar
(၃) နေရောင်ခြည်စွမ်းအင်သုံး အင်ဗာတာ (စထရင်း / ပေါင်းစပ်/ ဘက်ထရီ/နှစ်မျိုးသုံး/ပင်မ) PV/ Solar Inverter (String/ Hybrid/Battery/ Bidirectional / Central)
(၄) အိမ်သုံးတပ်ဆင်မှုပုံစံများ (ခေါင်မိုးနှင့် မြေပြင်တွင်တပ်ဆင်ခြင်း) PV / Solar Mounted Structure, PV / Solar Mounted Frames, PV/ Solar Mounted Kits (Roof and Ground Mounted)
(၅) နေရောင်ခြည်စွမ်းအင်တပ်ဆင်မှုစနစ် (ရေပေါ်တွင်တပ်ဆင်ခြင်း)PV/ Solar Mounted System (Floating)
(၆)နေရောင်ခြည်စွမ်းအင်သုံး ထိန်းချုပ်ကိရိယာနှင့်ဘက်ထရီပုံး PV/ Solar Controller and Battery Box (PV/ Solar Controller နှင့် Battery တွဲလျက်တင်သွင်းခြင်းအတွက်သာ)တို့ ဖြစ်သည်။