Breaking

ဆီဈေးကျဆင်းသော်လည်း  ဆီဆိုင်တိုင်းတွင်  92ကို အလွယ်တကူဝယ်ယူ၍မရဖြစ်နေ

၂၀၂၃ အောက်တိုဘာ ၈

အောက်တိုဘာ ၅ ရက်မှစတင်ပြီး ၉၂ တစ်လီတာ ကျပ် ၂၀၀၀ အောက်ကျဆင်းလာကာ ယင်းနောက်ပိုင်းတွင် ဆီဆိုင်တိုင်း၌ အလွယ်တကူဝယ်ယူ၍မရတော့ကြောင်း အငှားယာဉ်မောင်းများ၏ ပြောပြချက်အရ သိရသည်။

" ၉၂ ကဝယ်မရဘူး။ ဆီဈေး ၂၀၀၀ အောက်ကျပြီးနောက်ပိုင်း တော်တော်ကို ဝယ်ရခက်ခဲသွားတယ်။ တန်းစီပြီးတော့တောင် ဝယ်ရတယ်။ ၉၅ ပဲရတယ်ပြောတယ်။ တချို့ဆိုင်ဆိုရင် ၉၂ ရော ၉၅ ရောမရဘူး"ဟုအငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

အခြားအငှားယာဉ်မောင်းတစ်ဦးကလည်း ဈေးကျရင် ဆီမရှိဘူး ရှိလည်း၂သောင်းဖိုး ခွဲတမ်းနဲ့ပဲ ရောင်းတယ် ဈေးတက်ရင် ဘယ်ဆိုင်ဖြစ်ဖြစ် ကြိုက်သလောက်ထည့်လို့ရသည်ဟု ပြောသည်။

အောက်တိုဘာ ၄ ရက်အထိ ၉၂ တစ်လီတာ ၂၀၄၅ ကျပ်ရှိခဲ့မှာ ယနေ့တွင် ၉၂ တစ်လီတာ ၁၉၄၅ ကျပ်အထိ ကျဆင်းလာခဲ့ခြင်းဖြစ်သည်။

ယနေ့အောက်တိုဘာ ၈ ရက် စက်သုံးဆီ ရန်ကုန်ဈေးကွက်တွင် ၉၂ တစ်လီတာ ၁၉၄၅ ကျပ် ၊ ၉၅ တစ်လီတာလျှင်၂၀၄၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၂၂၅ ကျပ်၊ပရီမီယံ ဒီဆယ်တစ်လီတာလျှင် ၂၂၆၅ကျပ် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စက်သုံးဆီဈေးနှုန်းအပါအဝင် ရွှေဈေးနှုန်း၊ ငွေလဲနှုန်းများ အကျဘက်သို့ ဦးတည်လာသလိုအခြေခံစားသောက်ကုန်စည်ဈေးအချို့မှာလည်း ဈေးနှုန်းအနည်းငယ်ကျဆင်းလာကြောင်း သိရသည်။

Total Views ~ 178

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43827

© 2022 - 2025 News. All Rights Reserved.