ဆော့လော်မြိုနယ်၊ လောက်လန်းကျေးရွာအနီးရှိ KIA သောင်းကျန်းသူအဖွဲ၊ ရင်း(၄၆) တွင် KIA/KPDF အကြမ်းဖက်သောင်းကျန်းသူအဖွဲများမှ စုဆောင်းထားသည့် လူသစ် ၈၀ ဦးဖြင့် သင်တန်းဖွင့်လှစ်ရန် စီစဉ်နေ

၂၀၂၃ ၊ ဇန်နဝါရီ ၁၈ 

ဆော့လော်မြိုနယ်၊ လောက်လန်းကျေးရွာအနီးရှိ KIA သောင်းကျန်းသူအဖွဲ၊ ရင်း(၄၆) တွင် KIA/KPDF အကြမ်းဖက်သောင်းကျန်းသူအဖွဲများမှ စုဆောင်းထားသည့် လူသစ် ၈၀ ဦးဖြင့် သင်တန်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီ  ၁၀ ရက် နံနက် ၁၀နာရီခန့်တွင် အင်ဂျန်းယန်မြိုနယ်၊ အင်ဂွန်လ ကျေးရွာအနီးဝန်းကျင်တွင် အခြေပြုလျက်ရှိသော KIA သောင်းကျန်းသူအဖွဲ၊ တပ်မဟာ(၁) မှ ဗိုလ်ကြီးအဆင့်ရှိ လဖိုင်ဆိုင်းတောင် ဦးစီးအဖွဲသည် စုဆောင်းထားသည့် ဒေသခံ အင်အား ၅၀ ခန့်အား ထော်လာဂျီ ၃ စီးဖြင့် မေခမြစ်ဘေးတောလမ်းမှတစ်ဆင့် ခေါ်ဆောင်ခဲ့ရာ မေခမြစ်အနောက်ဘက်ကမ်း၊ ချီဖွေမြိုနယ်၊ မျောမောပါကျေးရွာအနီး အခြေပြု၍ KIA သောင်းကျန်းသူအဖွဲ၊ ရင်း(၄၆)သို ရောက်ရှိအခြေပြုလျက်ရှိကြောင်းသိရသည်။

အဆိုပါရောက်ရှိလာသော လူသစ်များအား ဆော့လော်မြိုနယ်၊ လောက်လန်းကျေးရွာ အနီးရှိ ရင်း(၄၆)လက်အောက်ခံ သင်တန်းကျောင်းတွင် အခြေခံတပ်သားသစ်သင်တန်း အမှတ်စဉ်(၆/၂၀၂၃)အား ဖေဖော်ဝါရီလ ၁ ရက်တွင် ဖွင့်လှစ်ရန်စီစဉ်ထားရှိကြောင်း နှင့် လက်ရှိအချိန်ထိ KIA သောင်းကျန်းသူအဖွဲမှ စုဆောင်းထားသည့် လူသစ် ၅၀ ဦး နှင့် KPDF အကြမ်းဖက်သောင်းကျန်းသူအဖွဲမှ စုဆောင်းထားသည့် လူသစ် ၃၀ ဦး၊ စုစုပေါင်း ၈၀ ဦးရှိကြောင်း သိရသည်။

Total Views ~ 148

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43230

© 2022 - 2025 News. All Rights Reserved.