Breaking

ဇန်နဝါရီ ပထမပတ်အတွင်း ပြည်ပပို့ကုန် တင်ပို့မှုမှ ကန်ဒေါ်လာ သန်း၂၃၀ ကျော်ရရှိ

၂၀၂၄ ဇန်နဝါရီ ၂၃
    ၂၀၂၃-၂၄ ဘဏ္ဍာနှစ် ဒီဇင်ဘာ ၃၀ ရက်မှ ဇန်နဝါရီလ ၅ ရက်ထိ ရက်သတ္တပတ်တွင် မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်တင်ပို့ မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၃၄ သန်း ကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်ဝယ်ရေးဝန်ကြီးဌာ၏ ထုတ်ပြန်ချက်အရသိရသည်။ 
    ယခုရက်သတ္တပတ်အတွင်း လယ်ယာကဏ္ဍမှ ပြောင်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ထောပတ်ပဲ၊ မြေပဲဆန်၊ နှမ်း၊ ကြက်သွန်နီ၊ ချင်းခြောက်၊ မန်ကျည်းသီး၊ သစ်သီးဝလံ ဖရဲသီး၊ ထောပတ်သီး၊ လိမ္မော်သီး၊ တစ်သျှူး ငှက်ပျောသီး၊ ငှက်ပျောသီး(ရိုးရိုး) တို့တင်ပို့ မှုပိုမိုခဲ့ကာ တရုတ်နိုင်ငံမှ မြန်မာ့သစ်သီးဝလံများအား ဝယ်လိုအား ပြန်လည်မြင့်တက်ခဲ့ကြောင်း သိရသည်။  
    ဖရဲ၊ သခွား (သခွားမွှေး)၊ ငှက် ပျောသစ်သီးဝလံများကို ကျိုင်းတုံ၊ လွယ် ဂျယ်၊ ကန်ပိုက်တီး နယ်စပ်တို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ တန်ချိန် ၃၅၀၀၀ ခန့်ထိတိုး မြှင့်တင်ပို့နိုင်ခဲ့သည့်အပြင် တာချီလိတ်၊ မောတောင် နယ်စပ်တို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ လိမ္မော်သီး၊ ထောပတ်သီး၊ ငှက်ပျောသီး များကိုလည်း တင်ပို့လျက်ရှိပြီး သစ်သီးဝလံ တင်ပို့မှု တန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်အထိ ရရှိခဲ့ကြောင်း သိရသည်။
    ထို့အပြင် မြန်မာ့ပြောင်းအား ထိုင်းနိုင်ငံမှ အခွန်ကင်းလွတ်ခွင့်ဖြင့် တင် သွင်းခွင့်ပြုသည့်ကာလအစ ဖေဖော်ဝါရီလသို့ ရောက်ရှိတော့မည်ဖြစ်၍ ပြောင်းပိုမိုတင် ပို့လာနိုင်တော့မည်ဖြစ်ပြီး နှစ်စဉ် ပြောင်းစေ့ တန်ချိန် ၂ ဒသမ ၆ သန်းအထိ တင်ပို့မှုရှိရာ ယခုနှစ်တွင်လည်း ပြောင်းလုပ်ငန်းရှင်များအနေဖြင့် အဓိကဈေးကွက် ထိုင်းနိုင်ငံအပါအဝင် ပြောင်းဝယ်လိုအား များပြားသည့် ဖိလစ်ပိုင်၊ တရုတ်၊ စင်ကာပူ၊ ဗီယက်နမ်နိုင်ငံများသို့ တိုးတက်တင်ပို့နိုင်ရေး၊ ယခင်ဈေး ကွက်ရရှိတင်ပို့ခဲ့ပြီး လက်ရှိတင်ပို့မှု ပျောက်ကွယ်နေသည့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်ဝမ်၊ မလေးရှား၊ နီပေါ၊ သီရိလင်္ကာ၊ ယူအေအီး စသည့်ဈေးကွက်များသို့ ပြန်လည်တင်ပို့နိုင်ရေးကို ချိတ်ဆက်ဆောင် ရွက်နေကြောင်း သိရသည်။
    ရေထွက်ကုန်များကို ယခုအပတ် တွင် ပင်လယ်ရေကြောင်း။ လေကြောင်းဖြင့် နိုင်ငံပေါင်း ၂၀ သို့ တန်ချိန် ၃ç၀၇၀ နှင့် တရုတ်၊ ထိုင်း အိမ်နီးချင်း နိုင်ငံများသို့ နယ် စပ်စခန်းများမှတစ်ဆင့် တန်ချိန် ၇ç၇၈၀၊ စုစုပေါင်း တန်ချိန် ၁၀၈၅၀ တင်ပို့နိုင်ခဲ့ ကြောင်း သိရသည်။  

Total Views ~ 234

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43974

© 2022 - 2025 News. All Rights Reserved.