၂၀၂၃ စက်တင်ဘာ ၂၅
ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေး အထူးဇုန်အတွင်း လက်ရှိလုပ်ကိုင်နေသော မြေကွက်များတွင် အမှန်တကယ် ပိုင်ရှင်များ စိုက်ပျိုးလုပ်ကိုင်နေခြင်း ရှိ/မရှိ ပြန်လည် စိစစ်ရန်၊ ဇုန်အတွင်း တရားမဝင်နေထိုင်သူ များကို ရွှေ့ပြောင်းနေရာချထားနိုင်ရေး စီ စဉ်ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောကြားသည်။
ဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီး မှော်ဘီနှင့် လှည်းကူးမြို့နယ်အတွင်းရှိ ညောင်နှစ်ပင် စိုက်ပျိုး မွေးမြူရေး အထူးဇုန်အတွင်း ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဇုန်(၂)ရှိ ရှင်း လင်းဆောင်သို့ ရောက်ရှိရာ ဇုန်(၁၊ ၂၊ ၃) တို့မှ ဇုန်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များက စိုက်ပျိုးရေး၊ မွေးမြူရေး ဆောင်ရွက်နေသည့် မြေကွက်များ၊ လုပ်ငန်းဆောင်ရွက်ရန် ကျန်ရှိသည့် မြေကွက်များနှင့် လုပ်ငန်းကိစ္စရပ်များကို တင်ပြရာတွင် အထက်ပါအတိုင်းပြော ကြားခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးချုပ်က လက်ရှိလုပ်ကိုင်နေသော မြေကွက်များတွင် အမှန်တကယ်ပိုင်ရှင်များ စိုက်ပျိုးလုပ်ကိုင် နေခြင်းရှိ/မရှိ ပြန် လည်စိစစ်ရန်၊ ဇုန်အတွင်း တရားမဝင်နေ ထိုင်သူများကို ရွှေ့ပြောင်းနေရာချထားနိုင်ရေး စီစဉ်ဆောင်ရွက်ရန်၊ ရေသွင်းမြောင်း၊ ရေပေးမြောင်းများ ရေစီးဆင်းမှုအားကောင်းအောင် သက်ဆိုင်ရာဌာနမှ ဆောင်ရွက်ရန်၊ ခြံအရှေ့ပိုင်းများ သန့်ရှင်းသပ်ရပ်မှုရှိရေး တာဝန်ရှိသူများက ထိရောက်စွာဆောင်ရွက်ရန် ပြောကြားခဲ့သည်။
ထို့အပြင် ဇုန်အတွင်းတန်ပိုကားများ ဝင်ရောက်မှုမရှိစေရေး ကြီးကြပ်ဆောင် ရွက်ရန်၊ စိုက်ပျိုးရေး လုပ်ငန်းများ အောင်မြင်အောင် တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရန်၊ ပိုင်ရှင်များအား ရာသီအလိုက် သီးနှံများ စိုက်ပျိုးကြရေး တွန်းအားပေးဆောင်ရွက်ကြရန်၊ ညောင်နှစ်ပင် ဇုန်ကြီးအား ရေ ရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေး၊ မွေးမြူရေးဖြစ်ထွန်းနေသော ဇုန်အဖြစ် ဖော်ဆောင်သွားမည်ဖြစ်၍ တာ ဝန်ရှိသူများ ပူးပေါင်း၍ လုပ်ငန်းများကို ကဏ္ဍအလိုက် စနစ်တကျ ကြီးကြပ်ဆောင် ရွက်သွားရန် ဖြည့်စွက် ပြောကြားခဲ့သည်။