ရန်ကုန်၊ သြဂုတ် ၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်း၌ စက်မှုကြီးကြပ်ရေးနှင့်စစ် ဆေးရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် ပုဂ္ဂလိကစက်မှုလုပ်ငန်းစုစုပေါင်း ၃၅၅ ခုရှိ ပြီး MSME လုပ်ငန်းများအနေဖြင့် ၄၀၂ ခု ရှိပြီး ညောင်ဦးခရိုင်အနေဖြင့် ပုန်းရည်ကြီးနှင့် ယွန်းထည်လုပ်ငန်းများကို ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product -OROP) အစီအစဉ်တွင် ပါဝင်ထည့်သွင်းထားသည်ကို တွေ့ရှိရကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောသည်။
ညောင်ဦးမြို့ရှိ ညောင်ဦးခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးတွင် သြဂုတ် ၄ ရက် ပြုလုပ်သော ညောင် ဦးခရိုင်အတွင်းရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာလုပ်ငန်းရှင် များအနေဖြင့် တိုင်းဒေသကြီး MSME အေဂျင်စီနှင့် ပူးပေါင်းပြီး ဒေသတစ်ခု ထုတ်ကုန်တစ်ခု ထုတ်လုပ် နိုင်ရေးအတွက် ဆောင်ရွက်မည့်အစီအမံနှင့် လက်တွေ့ဆောင်ရွက် မည့်အစီအစဉ်များဖြင့် ချိတ်ဆက်၍ အောင်မြင်စွာ ဆောင်ရွက်ပေးကြရန် တိုက်တွန်းခဲ့သည်။
လက်ရှိတွင် MSME ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေမှ လုပ်ငန်းရှင်များကို ချေးငွေများ ထုတ်ပေးနိုင်ရန် စီစဉ်လျက်ရှိပြီး ချေးငွေအဆိုပြုလွှာများ လျှောက်ထားနိုင်ရေးနှင့်စပ်လျဉ်း၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နှင့် မတ် ၃၁ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းကြော်ငြာထား ပြီးဖြစ်ကြောင်း သိရသည်။
MSME များ၏ သတင်းအချက် အလက်များရရှိနိုင်ရေး၊ MSME မှတ်ပုံတင် လျှောက်ထားနိုင်ရေးတို့ကို Online ဖြင့် မှတ်ပုံတင်ခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့ စွာဆောင်ရွက်နိုင်ရေးအတွက် MSME Web Portal ကို တည်ထောင်ထားရှိပြီး ASEAN Access Web Portal နှင့်ပါ ချိတ်ဆက်၍ MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်း ပညာအသုံးပြုမှုများ တိုးတက်လာစေရေးတို့ အတွက် ဆောင်ရွက်ပေးလျက်ရှိရာ ယခုနှစ်ကုန်တွင် MSME လုပ်ငန်းကော်မတီမှ ဦးစီး၍ ဒေသအသီးသီးရှိ MSME ထုတ်ကုန်ပြပွဲပြိုင်ပွဲကို နေပြည်တော်တွင် ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နဒီ