Breaking

ဌာနဆိုင်ရာ မော်တော်ယာဉ် ကိုးစီးကို AA က အဓမ္မယူဆောင်သွား

၂၀၂၃ ဒီဇင်ဘာ ၅
    ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ရှေးဟောင်းသုတေသနဦးစီးဌာန၊ ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး၊ ခရိုင်သာသနာရေး၊ ခရိုင်ရွေးကောက်ပွဲရုံးတို့ရှိ ဌာနပိုင်မော်တော်ယာဉ်ကိုးစီးကို AA က လက်နက်ငယ်များဖြင့် ခြိမ်းခြောက်ကာ အတင်းအဓမ္မယူဆောင်သွားပြီး ၎င်းတို့ ကိုယ်ကျိုးအတွက် အသုံးပြုနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ် ဇော်မင်းထွန်းက  ပြောကြားသည်။
    "ရခိုင်ပြည်နယ်ဘက်က သတင်းတွေအရ AA အကြမ်းဖက်သောင်းကျန်း သူတွေဟာ မြောက်ဦးခရိုင်ရှေးဟောင်းသု တေသနဦးစီးဌာန ကမ္ဘာ့အမွေအနှစ်စီမံခန့် ခွဲရေးဌာနပိုင် ယာဉ်သုံးစီးအပါအဝင် ခရိုင်ဖွံ့ဖြိုးရေးအတွက်ယာဉ်တွေ၊ ကျေးလက်ဖွံ့ ဖြိုးရေးပိုင်ယာဉ်တွေ၊ သာသနာရေးဝန်ကြီး ဌာနပိုင်ယာဉ်တွေ၊ စုစုပေါင်းယာဉ် ကိုးစီးကို လက်နက်ငယ်နဲ့ ခြိမ်းခြောက်ရယူသွားပြီး ၎င်းတို့အဖွဲ့အကျိုးအတွက် အသုံးပြုနေတယ်ဆိုတာကို သိရပါတယ်"ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
    AA လက်နက်ကိုင်များက နိုဝင်ဘာ ၂၆ ရက်တွင် မြောက်ဦးမြို့၊ ထမ္မရာဇ် ရပ်ကွက်၊ ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးရှိ ဌာနပိုင်မော်တော်ယာဉ်နှစ်စီး၊ နိုဝင်ဘာ ၂၈ ရက်က မြောက်ဦးမြို့ အလယ်ဈေးရပ်ကွက် ရှိ ရှေးဟောင်းသုတေသနဦးစီးဌာန ကမ္ဘာ့အမွေအနှစ် စီမံခန့်ခွဲရေးရုံးရှိ ဌာနပိုင်မော်တော်ယာဉ် သုံးစီး၊ နိုဝင်ဘာ ၂၉ ရက်တွင် မြောက်ဦး-စစ်တွေ ကားလမ်းမကြီးဘေးရှိ မြို့နယ်ကျေးလက် ဖွံ့ဖြိုးရေးဦးစီးဌာနပိုင် ယာဉ်နှစ်စီး၊ နိုဝင်ဘာ ၃၀ ရက်တွင် မြောက်ဦးမြို့ ခရိုင်သာသနာရေးဝန်ကြီးဌာနပိုင် မော် တော်ယာဉ်တစ်စီးနှင့် မြောက်ဦးမြို့ ခရိုင် ရွေးကောက်ပွဲရုံးရှိ ဌာနပိုင်မော်တော်ယာဉ်  တစ်စီး စုစုပေါင်းကိုးစီးအား လက်နက်ငယ် ကိုယ်စီကိုင် ဆောင်ကာ အတင်းအဓမ္မခြိမ်းခြောက် လာရောက်ယူဆောင်သွားခဲ့ခြင်းဖြစ်သည်။

Total Views ~ 222

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43928

© 2022 - 2025 News. All Rights Reserved.