Breaking

တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာစုံဂုဏ်ထူးရှင် ၅၀၀ ကျော်ကို တစ်ဦးလျှင် ရွှေစင်ငါးမူးသား နစက ဥက္ကဋ္ဌချီးမြှင့်

ရန်ကုန်၊ ဇူလိုင် ၂၃
    ၂၀၂၃-၂၄ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးရရှိသူ ကျောင်းသား၊ ကျောင်းသူ ၅၀၀ ကျော်အား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ဇူ လိုင် ၂၂ ရက်က နေပြည်တော်၌ ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ ဘာသာစုံဂုဏ်ထူးရှင် ၅၀၇ ဦးလုံးအား ရွှေစင်ငါးမူးသား ဒင်္ဂါးပြားများ ချီးမြှင့်ခဲ့ကြောင်းသိရသည်။
    ယခင်နှစ်များက ထူးချွန်ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ဦးစီးဌာနအဆင့်ထိသာ ဆုချီးမြှင့်ခဲ့ပြီး ယခုနှစ်တွင် တစ်နိုင်ငံလုံး ဘာသာစုံဂုဏ်ထူးရရှိသူ အားလုံးကို 'နိုင်ငံတော်အဆင့်' 'ပထမအကြိမ်' ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ကြောင်း၊ ယနေ့တွင် ဘာသာ စုံဂုဏ်ထူးရှင် ၅၀၇ ဦးကို ရွှေစင်ငါးမူးသား ဒင်္ဂါးပြားများနှင့် ထိုက်ထိုက်တန်တန် ဂုဏ်ပြု ချီးမြှင့်ပေးခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြောကြားသည်။
    ထို့အပြင် ၂၀၂၂ ခုနှစ်တွင် ဘာသာတွဲအလိုက် ရမှတ်အများဆုံးရရှိခဲ့သည့် ကျောင်းသားများကို ဒေသန္တရဗဟုသုတများ ရရှိရန်၊ မိမိနိုင်ငံနှင့် လူမျိုးကို ချစ်မြတ်နိုးတန် ဖိုးထားတတ်စေရန် ပြည်တွင်း လေ့လာရေး ခရီးစဉ်သာမက နိုင်ငံတကာအတွေ့အကြုံများရရှိစေရန် ပြည်ပလေ့လာရေးခရီးစဉ်များကိုပါ စေလွှတ်ခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာတွဲအလိုက် ရမှတ်အများ ဆုံးရရှိသူ ကျောင်းသား၊ ကျောင်းသူ ၃၀ ကို ပြည်ပနိုင်ငံများသို့ လေ့လာရေးခရီး သွားရောက်နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ဖြည့်စွက်ကြောကြားခဲ့သည်။
    ဆက်လက်၍ 'ပြည့်အင်အားဟာ ပြည်တွင်းမှာသာရှိသည်'ဆိုသည့်အတိုင်း နိုင်ငံ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်သည့်အခါတွင် ဝိဇ္ဇာနှင့် သိပ္ပံနယ်ပယ်နှစ်ခုလုံးတွင် ကျွမ်းကျင်သည့် အသိ ပညာရှင်၊ အတတ်ပညာရှင်များ လိုအပ်ကြောင်း၊ ထို့ကြောင့် လူငယ်များအနေဖြင့် ဝိဇ္ဇာနှင့် သိပ္ပံဘာသာရပ် နှစ်ခုလုံးကို တန်ဖိုးထားလေ့လာကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပြီးအခမ်း အနားအပြီး တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက တစ်နိုင်ငံလုံးအမှတ် အများဆုံး ကျောင်းသား၊ ကျောင်းသူ ၃၁ ဦး နှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး နောက် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာ မေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ဂုဏ်ပြုနေ့လယ်စာကို အတူ တကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။

Total Views ~ 279

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43836

© 2022 - 2025 News. All Rights Reserved.