၂၀၂၄ ဇန်နဝါရီ
တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်စီးပွား ရေးလုပ်ကိုင်ရန်အခွင့်အလမ်းများရရှိနိုင်မည့် အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းသားများ ခေါ်ယူနေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
လူမှုဝန်ထမ်းဦးစီးဌာနသည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့် ထား ဝယ်မြို့တို့တွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်ကျောင်းများအား ဖွင့်လှစ်ထားရှိကာ စက်ချုပ်သင်တန်းများ (မိန်းမဝတ်၊ ကလေးဝတ်၊ ကျားရှပ်၊ တိုက်ပုံ၊ ကုတ်အင်္ကျီ)၊ လက်မှုသင်တန်း၊ မုန့်မျိုးစုံပြုလုပ်နည်းသင်တန်း၊ အစားအစာချက်ပြုတ်နည်းသင်တန်းနှင့် ပန်းအလှပြင်သင်တန်း စသည့်သင်တန်းများကို ဘဏ္ဍာရေးနှစ်တစ်နှစ်လျှင် သင်တန်းအပတ်စဉ်ရှစ်ခု၊ အပတ်စဉ်တစ်ခုလျှင် ခြောက်ပတ်ကြာ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်ကျောင်းများ၌ စနေ၊ တနင်္ဂနွေ နေ့များတွင်လည်း အထူးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း လူမှုဝန် ထမ်းဦးစီးဌာနမှ သိရသည်။
အဆိုပါ အိမ်တွင်းမှုသက်မွေးလုပ် ငန်း ပညာသင်ကျောင်းများ၌ ၂၀၂၃-၂၄ ခုနှစ်ဘဏ္ဍာရေးနှစ် သတ္တမအကြိမ်မြောက် ကျောင်းအခြေပြုသင်တန်းအား ဇန်နဝါရီ ၈ ရက်မှ ၁၆ ရက်အထိ ဖွင့်လှစ်သင်ကြားပေး မည်ဖြစ်၍ အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းများမှ ကျောင်းအခြေပြု သင်တန်းဖွင့်လှစ်ရန် သင်တန်းသားများခေါ် ယူနေခြင်း ဖြစ်သည်။
တက်ရောက်လိုသော သင်တန်း သား (အမျိုးသမီး^အမျိုးသား) များအနေ ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်များရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်ကျောင်း (ရန်ကုန်)၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (မန္တလေး)၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင် ကျောင်း (မော်လမြိုင်)၊ အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်ကျောင်း (တောင်ငူ)၊ အိမ် တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်း (မြစ်ကြီးနား)၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်း (ဖျာပုံ)၊ အိမ်တွင်းမှုသက် မွေးလုပ်ငန်းပညာသင်ကျောင်း (ပုသိမ်)၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်း (စစ်တွေ)၊ အိမ်တွင်းမှုသက်မွေးလုပ် ငန်းပညာသင်ကျောင်း (ရွာငံ)၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း (ထားဝယ်) စသည့် အိမ် တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းများသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း၍ တက်ရောက်နိုင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ အသိပေးကြေညာထားသည်။