တစ်ရက်တည်း အမြန်လမ်းယာဉ်တိုက်မှုနှစ်ခု ဖြစ်ပွားကာ နှစ်ဦးသေဆုံး

၂၀၂၃ စက်တင်ဘာ ၁၁

          စက်တင်ဘာလ ၁၁ရက် တစ်ရက် တည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တွင် ယာဉ်တိမ်းမှောက်မှုနှင့် ယာဉ်တိုက်မှု နှစ်ခုဖြစ်ပွားခဲ့ပြီး လူနှစ်ဦးသေဆုံးခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့၏ ထုတ်ပြန်သည့်သ တင်းများအရ သိရသည်။

          ဖြစ်စဉ်မှာ  စက်တင်ဘာ ၁၁ရက် နံနက် ၈ နာရီ မိနစ် ၄၀ က မန္တလေးဘက်မှ နေပြည်တော်ဘက်သို့၊ မောင်းနှင်လာသည့်HIJET အမျိုးစား (အဖြူရောင်) ယာဉ်မှာ မိုင်တိုင်အမှတ် (၂၁၇/၀ နှင့် ၂၁၈/၁) ဖာ လုံကြားအရောက် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ကာ လမ်းလယ် ကျွန်းပေါ်သို့ ရောက် ရှိကာ ရပ်တန့်သွားခဲ့ကြောင်း သိရသည်။ 

          အဆိုပါ ယာဉ်မ‌တော်တဆမှုဖြစ် ပွားကြောင်း သတင်းအရ ပန်းတင်အမြန်လမ်း မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်ခြောက်ဦး၊ ပန်းတင်အမြန်လမ်းရဲစခန်းမှ စခန်းမှူးအပါ တပ်ဖွဲ့ဝင် ၁၀ ဦးနှင့်အတူ၊ ကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ကူညီကယ်ဆယ် ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ယာဉ် တိမ်း‌မှောက်မှုကြောင့် ယာဉ်‌ပေါ်ပါ ကျား လေးဦး၊ မလေးဦး ရှစ်ဦးအနက် မတစ်ဦး သေဆုံးပြီး ကျားသုံးဦး၊ မသုံးဦးတို့ ထိခိုက် ဒဏ်ရာများရရှိသဖြင့် နေပြည်တော်ခုတင် ၁၀၀၀ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း ပန်းတင် အမြန်လမ်းမီးသတ်စခန်းမှ သိရ သည်။

          ထို့အပြင်စက်တင်ဘာ ၁၁ ရက် ညနေ ၄ နာရီ ၁၀ မိနစ်ခန့်က အမြန်လမ်းမ ကြီး၏ ဘောနီအမြန်လမ်း မီးသတ်စခန်း အပိုင် မိုင်တိုင်အမှတ် ၅၇/၅ နှင့် ၅၇/၆ ကြားတွင် စက်ပျက်၍ လမ်းဘေးတွင်ရပ်ပြီး ပြင်နေသည့်HIJET ကားအား Hilux Surf  ကားမှ အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်တိုက် မိခဲ့ခြင်း ဖြစ်သည်။ ဝင်တိုက်မိခဲ့သည့်အတွက်Hijet ကားမောင်းသူမှာ ထိခိုက်ဒဏ်ရာများ ရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ကားပြင်နေသည့် အမျိုးသားတစ်ဦးတွင် လည်း ထိခိုက်ဒဏ်ရာများ (စိုးရိမ်ရ)ရရှိခဲ့ ကြောင်း သိရသည်။

          အဆိုပါ ဖြစ်စဉ်အား ဘောနီအမြန်လမ်းမီးသတ်စခန်းနှင့် ဘောနီအမြန် လမ်းရဲစခန်းတို့မှ တပ်ဖွဲ့ဝင်များ ကူညီကယ် ဆယ်ခဲ့ကြပြီး သေဆုံးသူ၏ ရုပ်အလောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူတို့အား ပဲခူးမြို့ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Total Views ~ 194

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43788

© 2022 - 2025 News. All Rights Reserved.