Breaking

တနင်္သာရီတိုင်း ထားဝယ်ရိုးရာ သပိတ်မျှော ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပမည်

၂၀၂၃ အောက်တိုဘာ ၁၆
    တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် နှစ်စဉ်ကျင်းပသည့် ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်ကို သီတင်းကျွတ် လပြည့်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
     ထားဝယ်မြို့ တလိုင်းမရပ်၊ ဆိပ် ကမ်းသာလမ်း၊ ပြည်သူ့အပန်းဖြေရင်ပြင်ရှိရာ ထားဝယ်မြစ်ကမ်း၌ ရှေးရိုးရာ အစဉ်အလာ အတိုင်း ကျင်းပမည်ဖြစ်သည်။
    ပွဲတော်တွင် တေးဂီတများဖြင့် ဧည့်ခံဖျော်ဖြေခြင်း၊ ထားဝယ်ရိုးရာ ယဉ် ကျေးမှုအကများ၊ ထားဝယ်ဒေသ သပိတ် မျှောပွဲအက၊ ရေအိုးရွက်ယိမ်းအက၊ အိုး စည်အက၊ သမိုင်းအလှ တနင်္သာရီအက၊  ရေခပ်သွားအက များဖြင့် သီဆိုဧည့်ခံဖျော် ဖြေမည်ဖြစ်ပြီး မီးပုံးပျံလွှတ်တင်ခြင်းများကိုပါ ပြုလုပ်သွားမည်ဖြစ်သည်။
    ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်သည် ဒေသခံများအဆိုအရ အရှင်ဥပ ဂုတ္တမထေရ်မြတ်အား ရည်စူး၍ ထားဝယ်ရိုးရာ မြေသပိတ်တွင် ဆွမ်း၊ မုန့်၊ သစ်သီး၊ ပေါက်ပေါက်၊ မုန့်ဆီကြော်၊ ယိုအမျိုးမျိုး စသည့် လှူဖွယ်များကိုထည့်ပြီး တံခွန်၊ ကုက္ကားများစိုက်ထူ၍ ဆီမီးများ ထွန်းညှိကာ သပိတ်ကို မြစ်အတွင်း မျှောခြင်းဖြစ်သည်။
    ရည်ရွယ်ရင်းမှာ ရာသီဥတု မိုးလေဝသကောင်းမွန်စေရန်၊ ဆန်ရေစပါး စီးပွားဥစ္စာပေါများ တိုးတက်စေ ရန်၊ မိုးဒဏ်၊ လေဒဏ်၊ သဘာဝဘေးရန်များနှင့် မကောင်းသော ဘေးဘယာ ကံကြမ္မာအ ပေါင်း ကင်းဝေးလွတ် မြောက်စေရန် ဆုတောင်းပတ္ထနာပြု၍ သပိတ်ကို မျှောချခြင်းဖြစ်ကာ ရှေးအစဉ်အဆက်ကျင်းပလာခြင်း ဖြစ်သည်။
    သပိတ်မျှောပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့တွင် ညလုံးပေါက် ပါဝင်ဆင်နွှဲနိုင်ပြီး သပိတ်မျှော မည့်သူများသည်လည်း သတ်မှတ်နေရာများတွင် စည်းကမ်းတကျပါ ဝင်ဆင်နွှဲနိုင်ကာ ရိုးရာပွဲတော်ဖြစ်သည့်အ တွက် ထားဝယ်မြို့ အချိုသောရပ်ကွက်များ တွင်လည်း ရပ်ကွက်အလိုက် သပိတ်မျှော ကုသိုလ်ယူကြကြောင်း သိရသည်။
    ပွဲတော်ပြုလုပ်မည့်ရပ်ဝန်းတွင် ပူဇော်ဖွယ်များ ထည့်သွင်းထားသည့် သပိတ်များကို အဆင်သင့်ပူဇော် နိုင်ရန် ရောင်းချသူများဖြင့် စည်ကားလျက်ရှိပြီး ပွဲလာသူများအနေဖြင့် အသင့်ဝယ်ယူပြီး ကုသိုလ်ယူနိုင်ကြောင်း  သိရသည်။
    ဤပွဲတော်သည် ထားဝယ်မြိုနှင့် ဒေသခံများ၏ ရှေးအစဉ်ကတည်းကစ၍ နှစ်စဉ်နှစ်တိုင်း ပြုလုပ်ကြ သည့် အစဉ်အလာ ရိုးရာအမွေအနှစ်တစ်ရပ်အဖြစ် ထူးခြားစွာ ရှိနေသည်။

Total Views ~ 219

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43855

© 2022 - 2025 News. All Rights Reserved.