Breaking

တပ်နှင့်ပြည်သူ တစ်သားတည်းဖြစ်အောင် တည်ဆောက်ထားရှိရန်လိုကြောင်း တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား

နေပြည်တော်၊ ဇွန် ၁၈
    တပ်တွင်း စည်းလုံးညီညွတ်ရေး ခိုင်မာမှုမှသည် တပ်ပြင်စည်းရုံးရေးကို တည်ဆောက်၍ တပ်နှင့်ပြည်သူ တစ်သားတည်းဖြစ်အောင် တည် ဆောက်ထားရှိရန် လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
    "တပ်တွင်းစည်းလုံးညီညွတ်ရေး ခိုင်မာမှုကနေ တပ်ပြင်စည်းရုံးရေးကို တည်ဆောက်ပြီး တပ်နဲ့ပြည်သူတစ်သားတည်းဖြစ်အောင် တည်ဆောက်ထားရှိဖို့ လိုပါတယ်။ တပ်တွင်း၊ တပ်ပြင် အင်အားများကို တည်ဆောက်ပြီး စုစည်းညီညွတ်တဲ့ အားနဲ့ တာဝန်ထမ်းဆောင်နေရတဲ့ ဒေသရဲ့ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုး မိုးရေးနဲ့ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးတွေကို  အတူတကွ ဝိုင်းဝန်းဆောင်ရွက်နေရမှာ ဖြစ်တယ်။ မိမိတို့ရဲ့ တာဝန်များကို မှန်မှန်ကန်ကန်ထမ်းဆောင်ပြီး ပြည်သူက လေးစားရတဲ့၊ အားကိုးရတဲ့ စစ်သည်များဖြစ်အောင် နေထိုင်ကြရမှာဖြစ်တယ်"ဟု တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
    ဇွန်လ ၁၆ ရက်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိတ္ထီလာတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား နယ်မြေခံလေတပ် စခန်းဌာနချုပ်၊ သူရအုန်းခိုင်ခန်းမ၌ တွေ့ဆုံစဉ် အမှာစကား ပြောကြားရာတွင် ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။ 
    တပ်မတော်အနေဖြင့် နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန် အဓိကတာ ဝန်ရှိပြီး ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးလာသူများ၏ အန္တရာယ်ကို ခုခံကာကွယ်နိုင်ရန်နှင့် တိုက်ခိုက်ချေမှုန်းနိုင်ရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။ 
    ဒုတိယကမ္ဘာစစ်ကာလအတွင်း  ဂျပန်နှင့် အင်္ဂလိပ်တို့ မိတ္ထီလာလွင်ပြင်၌ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မိတ္ထီလာတိုက်ပွဲအဖြစ် နာမည်ကြီးခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီး ပြည်တွင်းသောင်းကျန်းမှုကာလအတွင်း လက်နက်ကိုင် သောင်းကျန်းသူများကို မိတ္ထီလာလွင်ပြင်၌ မြန်မာ့တပ်မတော်က စစ်ဆင်တိုက်ခိုက်ခဲ့မှုသမိုင်းဖြစ်ရပ်ရှိခဲ့ကြောင်း သိရသည်။

Total Views ~ 166

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43869

© 2022 - 2025 News. All Rights Reserved.