၂၀၂၃၊ အောက်တိုဘာ ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈)နှစ်မြောက်နှစ်ပတ်လည် နေ့အခမ်းအနားသို့ တက်ရောက်ခဲ့သော သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သည့်အဖွဲ့က အောက်တိုဘာ ၁၆ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၊ ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ် ကြီး ရဲဝင်းဦး၊ အမျိုးသားစည်း လုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက် ကြပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS ) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့ တက်ရောက်ကြကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် ဒေသတွင်းနှင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ရာ၌ တွေ့ဆုံဆွေးနွေးမှုများဖြင့် ဆောင်ရွက်သွားရန်လိုအပ်မှု၊ နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့် NCA လမ်း ကြောင်းပေါ်၌ ခိုင်မာစွာလျှောက်လှမ်းလျက်ရှိမှုနှင့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး ဆောင်ရွက်မှု၊ ယခုနှစ်တွင် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူနေမှုနှင့် လာမည့်နှစ်တွင် ပြည်လုံးကျွတ်သန်း ခေါင်စာရင်း ကောက်ယူပြီးရွေးကောက်ပွဲပြုလုပ်ရန် ပြင်ဆင်ဆောင်ရွက်နေမှု၊ နိုင်ငံတည်ငြိမ်အေး ချမ်းရေးအတွက် NCA လမ်းကြောင်းအတိုင်း ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်သည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြောင်း သိရသည်။