၂၀၂၃၊ အောက်တိုဘာ ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈)နှစ် မြောက်နှစ်ပတ်လည်နေ့အခမ်းအနားသို့ တက်ရောက်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင် ကိုယ် စားလှယ်အဖွဲ့များက အောက်တိုဘာ ၁၆ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်း မဆောင်၌ လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦး စီးချုပ်နှင့်အတူ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်း ဦး၊ အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် တပ်မ တော်အရာရှိကြီးများ တက်ရောက်ကြပြီး တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ် အဖွဲ့များဖြစ်ကြ သည့် KNU/KNLA(PC) ဥက္ကဋ္ဌ စောထော့လေး၊ ရခိုင်လွတ်မြောက်ရေး ပါတီ(ALP)ဥက္ကဋ္ဌ စောမြရာဇာလင်း၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) ဥက္ကဋ္ဌ ကျာဆော်လမွန်၊ KKO အဖွဲ့မှ ကွပ်ကဲရေးမှူး စောဘငြိမ်း၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ ခွန်သူရိန်၊ ပအိုဝ်းအမျိုး သားလွတ် မြောက်ရေးအဖွဲ့ချုပ် နာယက ခွန်ဥက္ကာ၊ မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုအလုပ်အမှုဆောင် နိုင်ဗညား လယ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဝင်းတို့ တက်ရောက်ကြကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသ ဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့တက်ရောက်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အ ဖွဲ့ များအနေဖြင့် ပြည်တွင်းငြိမ်းအေးချမ်းရေးအတွက် လာရောက်ခဲ့ကြခြင်းဖြစ်သဖြင့် ဝမ်းမြောက် ကြောင်း၊ တပ်မတော်အနေဖြင့်လည်း ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေး ထိုးခဲ့မှုအခြေအနေများ၊ တပ်မတော်အနေဖြင့် တို့တာဝန်အရေးသုံးပါးနှင့် ပါတီစုံဒီမိုကရေစီစနစ် လျှောက်လှမ်းမှုကို ထိခိုက်မှုမရှိပါက တွေ့ဆုံဆွေးနွေးမှုများ ကို ဆောင်ရွက်သွားမည့်အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ် ပေါ်ခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)နှင့်အညီ တပ်မတော်မှ နိုင်ငံတော်တာဝန်များကိုထမ်းဆောင်ခဲ့ ရမှု အခြေ အနေများ၊ နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့် NCA လမ်းကြောင်းပေါ်တွင် ဆက်လက် လျှောက်လှမ်းလျက်ရှိမှု အခြေအနေများ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အမျိုးသားရေး မျှော်မှန်းချက်နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေး၊ နိုင်ငံရေး မျှော်မှန်းချက် နှစ်ရပ်ဖြစ်သည့် စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့ကို အကောင်အ ထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တိုင်းပြည်ကောင်းစေ ရန်အတွက် သက်ဆိုင်သူ အားလုံးက တူညီသည့်ဆန္ဒများဖြင့် ဆောင်ရွက်ရန် လိုအပ် မှုအခြေအနေများ၊ တိုင်းပြည်တည်ငြိမ်အေး ချမ်းရေးနှင့် ဒေသအလိုက်တည်ငြိမ်အေး ချမ်းရေးအတွက် ဝိုင်းဝန်းဆောင်ရွက်သွားရန် လိုအပ်မှုအခြေ အနေများ၊ တပ်မတော်အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် စိတ်ရှည်သည်းခံစွာဖြင့် ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ တပ်မတော်ကာ ကွယ်ရေးဦးစီး ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)(၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကို ခမ်းနားထည်ဝါစွာကျင်းပပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိမှု၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)နှင့် ပတ်သက်၍ အချို့အဖွဲ့အစည်းများက ပျက်ပြယ်ပြီဟု ထုတ်ပြန်မှုများရှိသော်လည်း NCA စာချုပ်မှာ ပျက်ပြယ်မှုမရှိဘဲ တည်တံ့ခိုင်မြဲ နေဆဲဖြစ်သည့် အခြေအနေများနှင့် NCA လမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာဖြင့် ဆက်လက် လျှောက်လှမ်းလျက်ရှိသည့် အခြေအနေများ၊ ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန်အတွက် ရှေ့ဆက်ဆောင်ရွက်သင့်သည့် အကြံ ပြုချက်များ၊ NCA တွင်ပါဝင်မှုမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ NCA တွင် ပါဝင်လာနိုင်ရေး ဆောင်ရွက်သင့်သည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီး ပြည်တွင်းငြိမ်းချမ်းမှုရရှိရေးနှင့် ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်မှုများရှိစေ ရေးအတွက် ဆောင်ရွက်သင့် သည့် အခြေအနေများ၊ ဒေသအလိုက် ပညာရည်မြင့်မားရေးအတွက် ဆောင်ရွက်သင့်သည့် အခြေ အနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေး ခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မိမိတို့အနေဖြင့် နိုင်ငံတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် ရှေ့သို့ချီမည်ပန်း တိုင်ဆီ (Keep Moving Forward To Achie-ve Our Goal) ဆိုသည့် ဆောင်ပုဒ်အတိုင်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ယခုတက် ရောက်လာကြသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ အားလုံးကလည်း ပါဝင် ဆောင်ရွက်ကြစေလိုကြောင်းဖြင့် တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။