ရန်ကုန်၊ သြဂုတ် ၂၈
တပ်မတော်သားများနှင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ စွမ်းရည်များတိုး တက်စေရေးအတွက်လည်း ဆောင်ရွက်သွား ရန်နှင့် လုံခြုံရေးနှင့်ပတ်သက်သည့်သတင်းများ စဉ်ဆက်မပြတ်ရရှိရေး ဆောင်ရွက်ရန်လိုကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ဇူလိုင် ၂၆ ရက်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း နယ်မြေတည်ငြိမ် အေးချမ်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများအား စစ်ဆေးရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အစည်းအဝေးခန်းမတွင် တိုင်းမှူးဗိုလ်မှူးချုပ် ကျော်ကိုထိုက်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း လုံခြုံရေးတာဝန်များ ဆောင်ရွက်လျက်ရှိမှု၊ EAO အဖွဲ့အချို့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများက နယ်မြေတည် ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေမှု အခြေအနေများနှင့် အပြစ်မဲ့ပြည်သူ များအား အကြမ်းဖက်သတ်ဖြတ်နေမှု အခြေအနေများ၊ အများပြည်သူသွားလာလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများ၊ တံတားများ၊ မီးရထားလမ်းများနှင့် ဆက်သွယ်ရေးတာဝါတိုင်များအား မိုင်းထောင် ဖောက်ခွဲဖျက်ဆီး မှုအခြေအနေများ၊ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ လုံခြုံရေးအတွက် နယ်မြေတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နေရန်လိုကြောင်း၊ ပြည်သူ့စစ်များ၊ စစ်မှုထမ်းဟောင်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ ပူးပေါင်း၍ နယ်မြေလုံခြုံတည်ငြိမ်ရေးကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နယ်မြေတည်ငြိမ်အေး ချမ်းရေးနှင့် လမ်းပန်းဆက်သွယ်မှုများ လုံခြုံချောမွေ့ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရာတွင် ရေရှည်အတွက် ထည့်သွင်းစဉ်းစားဆောင်ရွက် သွားရန်လိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မန္တလေးနန်းမြို့ အတွင်းရှိ နယ်မြေခံတပ်မတော် ဆေးရုံသို့သွားရောက်၍ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှု အခြေအနေများကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
ထူးမြတ်