၂၀၂၃ ဒီဇင်ဘာ ၅
တပ်မတော်၏ ရွပ်ရွပ်ချွံချွံခုခံချေမှုန်းမှုကြောင့် ရန်သူများ အကျအဆုံးများ စွာဖြင့် ဆုတ်ခွာလျက်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြော သည်။
"ထိတွေ့တိုက်ပွဲအနေနဲ့ ပဲခူးတိုင်း ဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းဒေသမှာ မနက်ကတည်းက တိုင်ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုရှိခဲ့ပါတယ်။ အဲ့ဒီမှာရှိခဲ့တဲ့ ကျွန် တော်တို့ တပ်ရင်းနှစ်ရင်း၊ ပြီးရင် ဖြူးဘက်ကနေ မုန်းဘက်ကိုဝင်တဲ့ တံတားဂိတ်နဲ့ ရဲစခန်းတွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ ရဲစခန်းမှာ လူအင်အားနည်းတဲ့ အတွက်ကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအနေနဲ့ လုံခြုံတဲ့နေရာကို ပြောင်းရွှေ့ခဲ့ရတာရှိပါတယ်။ သံတံတား ဂိတ်နဲ့ ကျောက်ကြီးဘက် အထွက်မှာရှိတဲ့ တပ်ရင်းနေရာတွေကို တပ်မတော်အနေနဲ့ အပြည့်အဝကာ ကွယ်မှုပေးခဲ့ပါတယ်။ ဒါ့အပြင် အရှေ့ဘက်မှာရှိတဲ့ ခြေမြန်တပ်ရင်းတစ်ရင်းမှာ ထိတွေ့တိုက်ပွဲအထိ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ခြေလျင်၊ လေယာဉ်၊ အမြောက် ပေါင်းစပ်ပြီးတော့ ရွပ်ရွပ်ချွံချွံ ခုခံချေမှုန်း ခဲ့ပါတယ်။ ရန်သူအနေနဲ့ အကျအဆုံးများစွာ ရှိပြီး စတင်ဆုတ်ခွာနေတာကို တွေ့ရပါတယ်။ ဒီအချိန်မှာပဲ ပြည်ဖျက်မီဒီယာများရယ်၊ KNU နဲ့ပေါင်းနေတဲ့ PDF အကြမ်း ဖက်သမားများအနေနဲ့ မုန်းမြို့တစ်မြို့လုံးကို ထိန်းချုပ်ထားနိုင်ပြီတို့၊ တပ်ရင်းတွေအကုန် ကုန်ပြီဆိုတဲ့ ကောလာဟလသတင်းကို ဆက်တိုက် ထုတ်လွှင့်နေ တာ ဖြစ်ပါတယ်။ ပြောချင်တာကတော့ သူတို့ဘယ်လောက်ကျ ဆုံးခဲ့တယ်၊ ဘယ်လောက်သေခဲ့ တယ်၊ ဘယ်လောက်ဒဏ်ရာရခဲ့တယ်၊ ဘယ်လိုမျိုးဆုတ်ဖို့ အတွက် စီစဉ်နေတယ်ဆိုတာ သူတို့သာ အသိဆုံး ဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ရှမ်းပြည်နယ်(မြောက်ဘက်) ပိုင်း နမ့် ခမ်းမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွား နေတာရှိပါတယ်။ မူဆယ် ၁၀၅ မိုင်ဘက်မှာ ထိတွေ့ တိုက်ပွဲဖြစ်ပွားနေတာရှိပါတယ်။ လောက်ကိုင်မြို့ အနီးဝန်း ကျင်မှာ ရှော့ခ်တိုက်ဒုံးနဲ့ ပစ်ခတ်မှုရှိပါတယ်။ ရခိုင်ပြည်နယ်ဘက် မှာတော့ ယခင်အပတ်ကတည်းကတိုင် ဖြစ် နေတဲ့ ထရွန်အိုင်စခန်းကို ဒီနေ့မှာလည်း ပြန်လည်တိုက်ခိုက်လာတာမျိုး ရှိပါတယ်။ ဒီမှာလည်း ကျွန်တော်တို့ အနေနဲ့ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတွေနဲ့ စနစ်တကျခုခံချေမှုန်းတဲ့အတွက် ရန်သူအကျအ ဆုံးများရှိပါတယ်"ဟု ၎င်းကပြောသည်။
ထို့အပြင် စစ်ကိုင်းတိုင်း ထီးချိုင့် မြို့နေရာ ခုနစ်နေရာတွင် ထိတွေ့တိုက်ပွဲဖြစ် ပွားခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
"ဒီနေရာမှာလည်း စစ်ကိုင်းတိုင်း ဘက်မှာ PDF ရဲ့မြှောက်ထိုးပင့်ကော်လုပ်မှု၊ NUG များအနေနဲ့ နောက်က KIA အဖွဲ့များရဲ့ မြှောက်ထိုးပင့်ကော်လုပ်မှုနဲ့ မြို့ရွာတွေကို တိုက်ခိုက်နေတာရှိပါတယ်။ ဒီမြို့ရွာတွေ တိုက်ခိုက်တဲ့ နေရာမှာ တန့်ဆည်မှာလည်း သူတို့အနေနဲ့ အကျအဆုံးများစွာရှိခဲ့တယ်။ အခုထီးချိုင့်မှာလည်း အထိနာလျက် ရှိပါတယ်။ သို့သော်လည်း နောက်က အမြဲတမ်း မြှောက်ထိုး ပင့်ကော်လုပ်နေတဲ့အတွက် ကြောင့်မလို့ မတိုက်မနေရ၊ မတိုက်မဖြစ်ဆို တဲ့ဟာမျိုးနဲ့ သူတို့ ဆောင်ရွက်နေရတာဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။
ဒီဇင်ဘာ ၃ ရက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန် ချက်တွင် ဗိုလ်ချုပ်ဇော်မင်း ထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောဆိုထားခြင်းဖြစ် သည်။