တမူးမြို့နယ်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေးငယ် ၃ ဦး ဒဏ်ရာရရှိ

၂၀၂၃ ၊ မတ်လ ၁၈
ယမန်နေ့ (မတ် ၁၇)မွန်းလွဲ ၃နာရီခွဲအချိန်က တမူးခရိုင် တမူးမြို့နယ်ပြည်သူ့ဆေးရုံသို မိုင်းစထိမှန်ဒဏ်ရာများဖြင့် ကလေး ၃ ဦး ရောက်ရှိနေကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးရာ မောင်ကမ်ဂိုမန်(၉)နှစ်  ရေအေးကျေးရွာ တမူးမြိုနယ်နေသူတွင် ဝမ်းဗိုက် မိုင်းစထိမှန်အူပွင့်ထွက်ဒဏ်ရာ ၁ ချက်၊ ယာပုခုံး မိုင်းစဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ရင်ဘတ်မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်၊ ဝဲ/ယာလက်/ ခြေထောက် ယမ်းစထိမှန် ဒဏ်ရာများ(စိုးရိမ်ရ)၊ တစ်ရွာတည်းနေသူများဖြစ်သည့် မောင်ဟင်ခိုလင်(၁၂)နှစ်တွင် လည်ပင်းဝဲဘက် မိုင်းစဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဒူးမိုင်းစထိမှန် ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ) နှင့် မောင်ကမ်မင့်စေး(၁၁)နှစ် ချင်း/ခရစ်ယာန် (ဖ)ဦးသောင်းခိုဟောင် တွင် လည်ပင်းဝဲဘက်မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်၊ ဝဲခြေသလုံးရိုး မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်၊ ဝဲခြေသလုံးကြွက်သား မိုင်းစဖောက်ဝင်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ) တို ရရှိထားသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်အား စိစစ်ရာ ယင်းနေ့ မွန်းတည့် ၁၂ နာရီတွင် ၎င်းတို ၃ ဦးသည်  ရေအေးကျေးရွာ၏ အနောက်ဘက် ၃ ဖာလုံခန့်အကွာရှိ ယူးချောင်းတံတားအနီး၌ နွားကျောင်းနေစဉ် ချောင်းဘေးတွင်တွေ့ရှိသည့် အရှည် ၂ လက်မ ကျော်ခန့်ရှိ ကော်ပိုက်ဖြင့်ပြုလုပ်ထားသည့် အလုံး ၁ လုံးအား ဆော့ကစားရန် ယူဆောင်ခဲ့ပြီး ကျေးရွာအလယ်ရှိ ရေတွင်းသို ရောက်ရှိသည့်အခါ ၎င်းတိုယူဆောင်လာသည့် ကော်ပိုက်လုံးအား ပစ်ပေါက်ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားသဖြင့် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Total Views ~ 297

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43349

© 2022 - 2025 News. All Rights Reserved.