တရားမဝင် ကုန်သွယ်မှုများကြောင့် နယ်စပ်စစ်ဆေးရေးစခန်းများကို နယ်စပ်စည်းမျဉ်းနှင့် အနီးဆုံး တွင် ထားရှိမည်

၂၀၂၃ စက်တင်ဘာ ၂၀
    တရားမဝင် ကုန်သွယ်မူ တိုက်ဖျက်ရေးလုပ်ငန်းများအား အိမ်နီးချင်းနိုင်ငံများနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် နယ်စပ်စစ်ဆေးရေးစခန်းများကို နယ်စပ်စည်းမျဉ်းနှင့် အနီးဆုံးတွင် ထားရှိ သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၄ ရက် ကျင်းပသည့် "ကုန်သွယ်ရေးဇုန်/စခန်းများ တည် ဆောက်ရာမှာ နိုင်ငံတကာလုပ်ငန်းစဉ်နှင့်အညီ တည်ဆောက်နိုင်ရန် လေ့လာသုံးသပ်အစီရင်ခံရေး ကော်မတီ"၏ ပထမအကြိမ် အစည်းအဝေးမှ သိရသည်။
    ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် တင်သွင်း^တင်ပို့မှု၊ လူပုဂ္ဂိုလ်ဝင်ရောက်မှုများကို ပိုမိုကြပ်မတ် နိုင်မည့်အပြင် တစ်ဖက်နိုင်ငံနှင့် ကုန်သွယ်မှုစာရင်း မကိုက်ညီမှုများ လျော့နည်းသွားပြီး တရားမဝင်ကုန် သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများကိုလည်း အိမ်နီးချင်းနိုင်ငံများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေး စခန်းများအနက် တချို့မှာ နယ်စပ်မျဉ်းနှင့်ဝေးကွာပြီး လူနေ မြို့ရွာများသို့ ရောက်ရှိ ဖြတ်သန်းပြီးမှသာ ကုန်သွယ်ရေးစခန်းသို့ ရောက်ရှိသဖြင့် မြို့ ရွာများတွင် ကုန်ပစ္စည်းများစုပုံ၍ ရှောင် ကွင်းလမ်းများမှ တရားမဝင်ကုန်သွယ်မှုများ ပြုလုပ်ရန် အခွင့်အလမ်းများ ဖြစ်ပေါ်လျက် ရှိသည်ကို တွေ့ရှိရကြောင်း သိရသည်။
    ထို့ပြင်နယ်စပ်မျဉ်းနှင့် ကုန်သွယ် ရေးစခန်းများကြားရှိ မြို့ရွာများတွင် နေထိုင် သူများသုံးစွဲသည့် ဒေသသုံးကုန်စည်များ သည် မိမိတို့နိုင်ငံ၏ သွင်းကုန်စာရင်းတွင် မပါဝင်သည့် တစ်ဖက်ကုန်သွယ်ဘက် နိုင်ငံများ၏ ပို့ကုန်စာရင်းနှင့် ကွဲလွဲခြားနားချက် များရှိနေကြောင်းကိုလည်း စိစစ်တွေ့ရှိရကြောင်း သိရသည်။
    မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာသဘောတူညီချက်များဖြစ်သော ASEAN Framework Agreement on the Facilitation of Goods in Transit (AFAFGIT) နှင့် Greater Mekong Sub-Region Cross Border Transport Agr-eement (GMS-CBTA) တို့အရ ဆက်လက်ဆောင်ရွက်မည့် ASEAN Customs Transit System (ACTS) များ၊ Single Window Inspection (SWI) နှင့် Single Stop Cus-toms Inspection (SSCI) လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ် သဖြင့် မိမိတို့၏ နယ်စပ်စစ်ဆေးရေးစခန်းများသည် တစ်ဖက်နိုင်ငံ နယ်စပ်စစ်ဆေးရေး စခန်းများကဲ့သို့ နယ်စပ်မျဉ်းနှင့် အနီးဆုံးတွင် ရှိရန်လိုအပ်ကြောင်း ကော်မတီမှ သိရသည်။
    အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းကော်မတီများအနေဖြင့် လက်ရှိ စခန်းများအပေါ် အားသာချက်၊ အားနည်းချက်များကို ဖော်ထုတ်ခြင်း၊ သုံးသပ်အကြံပြုခြင်းတို့ကို ဆောင်ရွက်ပေးရန်နှင့် ကုန်သွယ်ရေးဇုန်/စခန်းများ တည်ဆောက်ရာ၌ နိုင်ငံတကာစံနှုန်း/လုပ်ငန်း စဉ်များ၊ ဥပဒေများနှင့် ညီညွတ်ရေး၊ တရားမဝင် ကုန်သွယ်မှုလျော့နည်းပပျောက် ရေးတို့အတွက် ဆောင်ရွက်သင့်တဲ့ အချက် များကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိ ရသည်။

Total Views ~ 254

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43804

© 2022 - 2025 News. All Rights Reserved.