တရုတ်နိုင်ငံမြောက်ပိုင်းနဲ့အလယ်ပိုင်းတို့တွင် မိုးသည်းစွာရွာသွန်း၍ ပြည်နယ်အများအပြားရေကြီးရေလျှံမှုဖြစ်

၂၀၂၃ ဇူလိုင် ၂၄

တရုတ်နိုင်ငံမြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ ပြည်နယ်အများအပြားမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

မိုးသည်းပြီး မြေနိမ့်ပိုင်းမှာ ရုတ်တရက်ရေကြီးလို့ ဟူဘေးပြည်နယ်မှာ လူရာဂဏန်း ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရတယ်လို့ နိုင်ငံပိုင် CCTV ရုပ်သံ က ထုတ်ပြန်ခဲ့ပါတယ်။ ရှန်းနင်းမြို့မှာ ရေနစ်မြုပ်နေတဲ့ ဘတ်စ်ကားပေါ်က ပိတ်မိနေတဲ့ခရီးသည် ၅၀ လောက်ကို အရေးပေါ် လုပ်သားတွေ ကယ်ဆယ်နိုင်ခဲ့တာကိုလည်း CCTV သတင်းမှာ ဖော်ပြထားပါတယ်။

အလယ်ပိုင်းလျောင်နင်းပြည်နယ်က ခရိုင်တစ်ခုမှာလည်း မိုးသက်မုန်တိုင်းတွေ ဝင်ရောက်တိုက်ခတ်ပြီးနောက် လမ်းတွေရေကြီးနေပြီး မိုးရေချိန် ၁၀ ဒသမ ၇ လက်မကျော်အထိ ရွာသွန်းခဲ့တယ်လို့ ခန့်မှန်းရပါတယ်။

ဇူလိုင် ၂၂ ရက်က အတွင်းမွန်ဂိုးလီးယား၊ လျောင်နင်း၊ ကျိလင်းနဲ့ ဟေလုံဂျန်ပြည်နယ်တွေမှာ ရေလွှမ်းမိုးမှုထိန်းချုပ်ဖို့ အရေးပေါ်တုံ့ပြန်မှု အဆင့်-၄ အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ဧပြီလကတည်းက ပြင်းထန်တဲ့ ရာသီဥတုဖောက်ပြန်မှုတွေကြောင့် လူသေဆုံးမှုတွေ အခြေခံအဆောက်အအုံ ပျက်စီးမှုတွေ၊ ကောက်ပဲသီးနှံ ဆွေးမြေ့မှုတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

Total Views ~ 176

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43739

© 2022 - 2025 News. All Rights Reserved.