၂၀၂၃ ၊ဇန်နဝါရီ ၁၀
တရုတ်-မြန်မာ နယ်စပ် ရွှေလီနယ်စပ်ဂိတ်မှ ကုန်တင်ကားများအနေဖြင့် ယာဉ်မောင်းနှင့် ယာဉ်၏ အချက် အလက်များကို အ ကောက်ခွန်ဌာနထံ ကြိုတင်အ ကြောင်းကြားကာ ပြည်ဝင်နိုင်ပြီဖြစ်ကြောင်း ရန်ကုန်မြို့ရှိတရုတ်သံရုံး (မြန်မာ)က သတင်းထုတ်ပြန်ထားသည်။
တရုတ်-မြန်မာနယ်စပ် တယ်ဟုန် တိုင်တိုင်းရင်း သား၊ ဂျိန်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရွှေလီမြို့ရှိ ရွှေလီနယ်စပ်ဂိတ်သည် တရုတ်-မြန်မာကုန်သွယ်ရေး၏ အကြီးဆုံး ကုန်း လမ်းနယ်စပ်ဂိတ် ဖြစ်ပြီး ပြည်ဝင်ပြည်ထွက် ဂိတ်ဖြတ် သန်းသွားလာရေးလုပ်ငန်းများစတင်နေပြီဖြစ်ကြောင်း၊ရွှေလီနယ်စပ်ဂိတ်တွင် ဂိတ်ဖြတ်သန်းသွားလာမှုများ ပြန်လည်စတင်ပြီး နောက် ပြည်ဝင်သူများသည် ကျန်းမာရေးကုဒ် လျှောက်ထားရယူရန် မလိုအပ်တော့ဘဲ ၄၈ နာရီအတွင်း စစ်ဆေးထားသော ကိုဗစ်-၁၉ ရောဂါမရှိကြောင်း စစ်ဆေးမှုအ စီရင်ခံစာကိုသာ လိုအပ်ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ထားသည်။
လက်ရှိတွင် တရုတ်-မြန်မာနယ်စပ်ဂိတ်များဖြစ်သည့် နယ်စပ်ဂိတ်သုံးခုဖြစ်သည့် နန်းတော်ဂိတ်၊ မိန့်ဝိန်းဂိတ်နှင့် ဆင်ဖြူဂိတ် များကို ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်တွင် ပြန်လည်ဖွင့်လှစ်မည် တရားဝင်သတင်းထုတ်ပြန်ကာ ဖွင့်လှစ်ခြင်းဖြစ်ပြီး မြန်မာဘက်ခြမ်း ဘက်မှ မဖွင့်လှစ်သေးကြောင်းသိရသည်။
နယ်စပ်ဂိတ် သုံးခုကို ပြန်လည်မဖွင့်နိုင်သေးသည့်အကြောင်းအရင်းမှာ ကိုဗစ်(၁၉) ရောဂါ ကူးစက်မှုအခြေအနေအပါအဝင် ဝန်ထမ်းနေရာချထားမှုနှင့် ဂိတ်များပြန်လည်ပြင်ဆင်မှုများပြုလုပ်နေသည့် အတွက် ကုန်သွယ်ရေး ဦးစီးဌာနတာဝန်ရှိသူတစ်ဦးကပြောကြားထားသည်။
တရုတ်-မြန်မာနယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ရာတွင် ရွှေလီနယ်စပ်ဂိတ် ကျယ်ဂေါင်နန်းတော်ဂိတ်၊ ကုန်ပစ္စည်းစ ၏ခန်း၊ တရုတ်-မြန်မာဈေး သည့် လမ်းကြောင်းသုံးခု၌ လူ၊ ကုန်ပစ္စည်း ဖြတ် သန်းသွားလာမှုကို ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ယခုအခါ ကုန် တင်ကားများ ဝင်နိုင်ပြီဖြစ်ကြောင်း တရုတ်သံရုံးက ထပ်မံထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။