Breaking

တရုတ်-မြန်မာ နယ်စပ်ဒေသတည်ငြိမ်ရေး နိုင်ငံခြားရေးဝန်ကြီးနှင့် တရုတ်သံအမတ် ဆွေးနွေး

၂၀၂၃ နိုဝင်ဘာ ၁၄
    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးမစ္စတာ ချန်းဟိုင်အား နိုဝင်ဘာ ၁၃ ရက်တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေး ချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
    ရှမ်းပြည်နယ်(မြောက်ပိုင်း)နယ် စပ်ဒေသဖြစ်စဉ်သည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးကို ထိခိုက်စေ နိုင်ကြောင်း၊ ဖြစ်စဉ်တွင် မိမိတို့နိုင်ငံမှ ကျည်ဆန်များ တရုတ်နိုင်ငံအတွင်း ကျရောက်သည်ဟု ပြောဆိုမှုများကြောင့် နှစ်ဖက်တာဝန်ရှိသူများက ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် နယ်စပ် ဒေသဖြစ်သဖြင့် စစ်ဆင်ရေးဆောင်ရွက်ရာတွင် အထူးပင် ကန့်သတ်ထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း၊ သို့သော်တစ်ဖက် အဖွဲ့အစည်းများအနေဖြင့် လက်လွတ်စပယ် လုပ်ဆောင်ခဲ့မှုနှင့် နှစ်နိုင်ငံအထင်အမြင်လွဲအောင် လုပ်ဆောင်နေမှုများရှိကြောင်း နိုဝင်ဘာ ၈ ရက်က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး ကျင်းပစဉ်နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြော ဆိုထားသည်။
    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အောက်တိုဘာ ၂၇ ရက်မှစ၍ လောက်ကိုင်ဒေသ ချင်းရွှေ ဟော်ကို အဓိကထားပြီး ကိုးကန့်အဖွဲ့(MNDAA)က တိုက်ခိုက်ခဲ့ကြောင်း အဓိကအားဖြင့် မူဆယ်နှင့်ချင်း ရွှေဟော်ဒေသသည် နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကထား ဆောင်ရွက်သည့် နေရာဒေသဖြစ် ကြောင်း၊ လောက်ကိုင်မြို့သည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့ဖြစ်ပြီး MNDAA အဖွဲ့အနေဖြင့် ၎င်းတို့၏ သြဇာအာဏာကို ပြန်လည်တည်ဆောက်ရန်အတွက် ယခုကဲ့သို့ တိုက်ခိုက်မှုများ လုပ်ဆောင် လာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ MNDAA အနေဖြင့် 'ဝ' နယ်မြေအတွင်း ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ပြီး '၁၀၂၇' စစ်ဆင်ရေးတွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အပြင် KIA၊ PDF များလည်း ပါဝင်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။ 
    ထို့ပြင် MNDAA အနေဖြင့် မူးယစ်ဆေးဝါးထုတ်လုပ်မှုမှရရှိသည့် အကျိုးအမြတ်များကို ခံစားလိုပြီး ၎င်းတို့၏အာဏာကို တည်ဆောက်လိုခြင်းကြောင့် ယခုဖြစ်စဉ်များ ဖြစ်ပွားသည်ကို တွေ့ရှိရကြောင်း၊ လောက် ကိုင်ဒေသနှင့် ပတ်ဝန်းကျင်တွင် ၁၇ နှစ်အတွင်း ကျပ် ၇၁ ဒသမ ၅၉ ဘီလီယံကျော် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း၊ ထိုသို့ မူးယစ်ဆေးဝါးမှရရှိသည့် အကျိုးအ မြတ်များကို သိရှိခြင်းကြောင့် MNDAA အဖွဲ့အနေဖြင့် လောက်ကိုင်ဒေသကို ပြန်လည်ရရှိအောင် လုပ်ဆောင် နေခြင်းဖြစ်ကြောင်း  ပြောကြားသည်။
ဆက်လက်၍လောက်ကိုင်နှင့် ချင်းရွှေဟော်ဒေသတွင် ဟိုတယ် ၁၅၃ ခုရှိ သည့်အနက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော် မရှင် (MIC)၏ ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ထားသောဟိုတယ် ၁၂ လုံးသာရှိပြီး ကျန်ဟိုတယ် ၁၄၁ လုံးမှာ လောက်ကိုင်ဒေသအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် လုပ်ပိုင်ခွင့်မရှိဘဲ ဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း၊ ယင်းဟိုတယ်အများစုမှာ တစ်ဖက်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံ ဆောက်လုပ်ထားသည့် ဟိုတယ်များဖြစ်သည်ကို တွေ့ရကြောင်း၊ ယင်းဟိုတယ်များ၌ အွန်လိုင်း ငွေကြေးလိမ်လည်မှုများနှင့် အခြားတရားမဝင်လုပ်ငန်းများ ဆောင်ရွက်နေသည်ကို  စိစစ်တွေ့ရှိရသည် ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
    MNDAA အဖွဲ့အနေဖြင့် လောက်ကိုင်ဒေသတွင် အာဏာပြန်လည်တည် ဆောက်နိုင်ရေး၊ TNLA အဖွဲ့အနေဖြင့် ပလောင်ပြည်နယ်ရရှိရေး၊ ကိုးကန့်အနေဖြင့် ကိုးကန့်ပြည်နယ်ရရှိရေးအတွက် ဆောင် ရွက်နေခြင်းဖြစ်ပြီးရှမ်းပြည်နယ်(မြောက်ပိုင်း) တိုက်ပွဲများနှင့်ပတ်သက်၍ လိုအပ်သည့် လက်တုံ့ပြန်မှု များ ဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။

Total Views ~ 175

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43875

© 2022 - 2025 News. All Rights Reserved.