တရုတ်-မြန်မာနယ်စပ် ကျယ်ဂေါင်နန်းတော်ဂိတ်ကို ဇန်နဝါရီ ၈ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဟု တရုတ်သံရုံး ထုတ်ပြန်

ရွှေလီ ၊ဇန်နဝါရီ ၆
လာမည့် ဇန်နဝါရီလ ၈ ရက်နေ့မှစ၍ တရုတ်-မြန်မာ နယ်စပ်ဂိတ်လမ်းကြောင်းဖြစ်သော ရွှေလီနယ်စပ်ဂိတ် ကျယ်ဂေါင်နန်းတော်ဂိတ်၊ ကုန်ပစ္စည်းစ ခန်း၊ တရုတ်-မြန်မာဈေး သည့် လမ်းကြောင်းသုံးခု၌ လူ၊ ကုန်ပစ္စည်း ဖြတ်သန်းသွားလာမှုကို ပြန်လည်ဖွင့်လှစ်မည်ဟု ရန်ကုန်မြို့ရှိတရုတ်သံရုံး (မြန်မာ) က ဇန်နဝါရီ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
တရုတ်-မြန်မာ စီးပွားရေးနှင့် ကုန်သွယ်ရေးဆက်ဆံမှု၊ ပြည်သူလူနေမှုဘဝ အကျိုးစီးပွားများကို ပိုမိုကောင်းမွန်စွာ ဝန် ဆောင်မှုပေးနိုင်ရန်၊ နှစ်နိုင်ငံနယ် စပ်ဒေသ ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံ ပူး ပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်အ တွက် ယင်းသို့ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ဖြတ်သန်းသွားလာခွင့် ပြန်လည်ဖွင့်လှစ်ပြီးနောက် ပြည်ဝင်ပြည်ထွက်သည့် ကုန်ပစ္စည်းယာဉ်များနှင့် မောင်းနှင်သူများသည် ကုန်ပစ္စည်းစခန်းလမ်း ကြောင်းမှဝင်ထွက်ရမည်ဖြစ်ပြီး အချိန်မှာ ပေကျင်းစံတော်ချိန် နံနက် ၈ နာရီမှ ည ၁၁ နာရီ အထိလည်း ကောင်း၊အစိုးရဝန်ထမ်းနှင့် အတူလိုက်ပါသောယာဉ်များသည် နန်းတော်ဂိတ်လမ်းကြောင်းမှ ဝင်ထွက်ရမည်ဖြစ်ပြီး အချိန်မှာ ပေကျင်းစံတော်ချိန် နံနက် ၈နာရီမှ ၉နာရီခွဲအထိလည်း ကောင်း၊အခြားလူပုဂ္ဂိုလ်နှင့် အ သေးစားအိမ်စီးကား၊ နှစ်ဘီးဆိုင်ကယ်၊ အီလက်ထရောနစ်ဆိုင်ကယ်များကမူ တရုတ်-မြန်မာဈေးလမ်းကြောင်းမှ ဝင်ထွက်ရမည်ဖြစ်ပြီး အချိန်မှာ ပေကျင်းစံတော်ချိန်နံနက်၈နာရီမှ ၉နာရီခွဲအထိလည်းကောင်း သတ်မှတ်ကြောင်း ယင်းသံရုံးက သတင်းထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် တရုတ်နိုင်ငံ ရွှေလီနယ် စပ်ဂိတ် စီမံအုပ်ချုပ်သည့်ဌာနက နှစ်ဦးနှစ်ဖက်လူပုဂ္ဂိုလ်သွားလာမှု၊ ကုန်ပစ္စည်းဖြတ်သန်းမှု ပြန်လည်ဖွင့်လှစ်ရန်အတွက် တက်တက်ကြွကြွပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်းလည်း ရန်ကုန်မြို့ရှိတရုတ်သံရုံး(မြန်မာ) က သတင်းထုတ်ပြန်ခဲ့သည်။

Total Views ~ 212

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43065

© 2022 - 2025 News. All Rights Reserved.